Thursday, September 19, 2013

သာစည်တွင် တောင်းရမ်းနေသူ ဘင်္ဂါလီတစ်ဦးကို မောင်တောသို့ ပြန်ပို့

 
မန္တလေး၊ စက်တင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် တောင်းရမ်း စားသောက်သူတစ်ဦးအား မသင်္ကာသဖြင့် စစ်ဆေးရာ မြန်မာနိုင်ငံသား မဟုတ်ဘဲ မောင်တောမြို့နယ်တွင် နေထိုင်သည့် ဘင်္ဂါလီလူမျိုး တစ်ဦးဖြစ်သဖြင့် တရားစွဲဆိုခြင်း မပြုဘဲ စက်တင်ဘာ ၁၈ ရက်နေ့တွင် ရန်ကုန်မှတစ်ဆင့် မောင်တောသို့ ပို့ဆောင်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လူဝင်မှု ကြီးကြပ...်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနထံမှ သိရသည်။

“သူ့ကိုစစ်ဆေးတဲ့အခါမှာ မောင်တောကနေ လမ်းလျှောက်လာတာ သာစည်ထိ ရောက်လာတာလို့ သိရတယ်” ဟု အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါလူမှာ စိတ်ကျန်းမာရေး ချို့ယွင်းနေသူ ဖြစ်နေသဖြင့် တရားစွဲဆိုခြင်း မပြုတော့ဘဲ မောင်တောသို့ ပို့ဆောင်ခြင်း ဖြစ်မည် ဖြစ်ကြောင်း ၎င်းထံမှသိရသည်။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ကုသိုလ်တော်ဘုရား တောင်ဘက်မုခ် ရေလယ်ဓမ္မာရုံတွင် တစ်နှစ်ကျော်ကြာမျှ တောင်းရမ်း စားသောက်နေသော တရုတ်နိုင်ငံသားတစ်ဦးအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ၎င်းကို တရားစွဲဆိုခြင်း မပြုဘဲ စက်တင်ဘာလ ၃၁ ရက်နေ့တွင် ၎င်း၏နေရပ် တရုတ်နိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

0 comments:

Post a Comment

 
Twitter Bird Gadget