၁၂-၉-၂၀၁၂ ရက်ထုတ် Daily Eleven
သတင်းစာတွင် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ဘဏ်အပေါ်တင်ရှိ နေသည့် ကြွေးမြီမှာ
ဒေါ်လာသန်း ၈၉၀ ကျော်ရှိကြောင်း၊ ကမ္ဘာ့ဘဏ်အနေဖြင့် နိုင်ငံတစ်ခုခုမှ
ကမ္ဘာ့ဘဏ်ချေးငွေနှင့်စပ်လျဉ်းပြီး အစိုးရသစ်လက်ထက်တွင်
ယခင်အစိုးရများလက်ထက်က တင်ရှိ သည့် ကြွေးမြီများ လျော်ပေးရန် တောင်းဆိုပါက
လျော်ပေးလေ့ရှိသော်လည်း မြန်မာနိုင်ငံကို လျော်မ ပေးခဲ့ကြောင်း၊ ထိုသို့
လျော်မပေးခြင်းမှာ မြန်မာနိုင်ငံမှ ပြည်ပတွင် ဘဏ်စာရင်းငါးခုဖြင့်
အပ်ထားသည့် ငွေမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံအထိ ရှိ၍ဖြစ်ကြောင်း၊
မည်သည့်အကောင့်များဆိုသည်ကို ကမ္ဘာ့ဘဏ်က သိကြောင်း၊ မြန်မာနိုင်ငံအား
ကြွေးမြီနှင့်ပတ်သက်၍ ဖြေရှင်းရန် နည်းလမ်းသုံးခုပေးခဲ့ ကြောင်း၊
မြန်မာနိုင်ငံအနေဖြင့် အဆိုပါဘဏ်စာရင်းငါးခုကို လုံးဝမထိသည့်နည်းလမ်းကို
ရွေးချယ်ခဲ့ ကြောင်း ကမ္ဘာ့ဘဏ်၊ အာရှဒေသဆိုင်ရာ ဒါရိုက်တာ Mr. Jelson Garcia
က ပြောကြားခဲ့သည်ဟု သတင်းတစ်ပုဒ်ဖော်ပြခဲ့ပါသည်။
အဆိုပါသတင်းနှင့် ပတ်သက်၍ ကမ္ဘာ့ဘဏ်က စက်တင်ဘာ ၁၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့ရာ Mr. Jelson Garcia သည် NGO အဖွဲ့အစည်းဖြစ်သည့် Bank Information Center(BIC) တွင် တာဝန် ထမ်းဆောင်နေသူ တစ်ဦးသာလျှင်ဖြစ်ပြီး ကမ္ဘာ့ဘဏ်(The World Bank) အဖွဲ့အစည်းနှင့် မည်သို့မှ သက်ဆိုင်ခြင်းမရှိသည့်အပြင် ကမ္ဘာ့ဘဏ်အဖွဲ့အစည်း၏ ကိုယ်စားပြု ပြောရေးဆိုခွင့်ရှိသူတစ်ဦး မဟုတ်ကြောင်း၊ ကမ္ဘာ့ဘဏ်၏ ကြွေးကျန်များကို ရှင်းလင်းရန်နှင့် နှစ်ရှည်အတိုးမဲ့ချေးငွေများကို ပြန်လည်ရယူနိုင်ရန်အတွက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရသည် မဟာဗျူဟာမြောက် သည့် ဆုံးချတ်ချက်တစ်ခုကို ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ ထိုနှစ်ရှည်အတိုးမဲ့ချေးငွေများကို မြန်မာ ပြည်သူများ အကျိုးခံစားခွင့်ရရှိနိုင်မည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင် ရွက်ရာတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ထိုဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံအစိုးရအနေဖြင့် စီးပွား ရေးဆိုင်ရာ ဖိအားများဖြစ်ပေါ်လာနိုင်သည့်ကာလတွင် ဂရုပြုဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ ယုံကြည်မှုရရှိစေမည့် အပေါင်းလက္ခဏာတစ်ရပ် ဖြစ်ခဲ့ကြောင်း၊ ကုန်သွယ်ရေးနှင့် ၀န်ဆောင်မှုဆိုင်ရာ လုပ်ငန်းများ ချောမွေ့လွယ်ကူစေရန်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်းများကို တည်ငြိမ် အောင် စီမံဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံရပ်ခြားဘဏ်စာရင်းများ ထားရှိခြင်းသည် နိုင်ငံတော်အစိုးရ များ၏ ပုံမှန်လုပ်ငန်းတစ်ရပ်ဟု ကမ္ဘာ့ဘဏ်က ယူဆကြောင်း ပါရှိပါသည်။







0 comments:
Post a Comment