Friday, September 20, 2013

မြေပုံတွင် ယမန်နေ့ ညဉ့်က ရုတ်ရုတ်သဲသဲဖြစ်


ရခိုင်ပြည်နယ် မြေပုံမြို့ မွတ်လဆင် ဒုက္ခသည်စခန်းမှ ဒုက္ခသည် ၁၀ ကျော်သည် အချိန်မတော်ညဥ့် အချိန်တွင် စက်လှေ တစ်စီးဖြင့် ထွက်ခွာသွားသဖြင့် မြို့တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်ဟု ဒေသခံများက ပြောသည်။

“ ကျွန်တော်တို့ ကံသာထွက်ဝဆိုတာ မြေပုံမှာ ရှိပါတယ်။ အဲဒီမှာ လူတွေ စခန်းကနေ ဘင်္ဂလီတွေ ထွက်လာတယ်ဆိုတဲ့ အတွက် တညဥ့်လုံး ကင်းစောင့်ရတယ်။ မြိုအစွန် ရပ်ကွက်တွေမှာလည်း အနည်းငယ် ရုတ်ရုတ်သဲသဲ ဖြစ်သွားပါတယ်” ဟု မြေပုံ ဒေသခံ ဦးမောင်မောင်က ပြောသည်။

ယခုကဲ့သို့ ရုတ်ရုတ်သဲသဲ ဖြစ်သွားခြင်းမှာ သူတို့ထွက်လာပြီး မြို့ထဲကို ၀င်ကာ မီးရှို့မည်ကို စိုးရိမ်၍ ဖြစ်ကြောင်းပြောသည်။

“ မြို့ထဲမှာရော၊ မြို့အ၀င်ဂိတ်တွေမှာရော လုံခြုံရေး ရှိပါတယ်။ ကင်းတွေလည်း ရှိပါတယ်။ ကံသာရပ်ကွက်ဘက်မှာတော့ နည်းနည်း လုံခြုံရေးအားနည်းနေပါတယ်။ ဒါကြောင့် လူတွေက အဲဒီရပ်ကွက်မှာ တညဥ့်လုံး မအိပ်ကြရဘူးလို့ သိရပါတယ်” ဟု ဆိုသည်။

မွတ်ဆလင် ဒုက္ခသည် စခန်းမှ ဒုက္ခသည် ၁၀ ကျော်သည် မြေပုံမြို့ သချိုင်္င်းတောင်ကို ကျော်ပြီး ယမန်နေ့က ထွက်ခွာသွားကြခြင်း ဖြစ်ပြီး တစ်စုံတစ်ရာ မြို့ကို အနှောင့်အယှက် လုပ်ရန် မဟုတ်ကြောင်း၊ သို့သော်လည်း စခန်းထဲမှ အပြင်သို့ ထွက်လာလျှင် သတိထားရကြောင်း သူက ဆက်ပြောသည်။

“ ထွက်သွားတာတော့ သေချာပါတယ်။ သူတို့က မြေပုံ သချိုင်းတောင်ကို ကျော်ပြီး ထွက်ခွာတဲ့ လမ်းကြောင်းတော့ ရှိနေပါတယ်။ ဒါပေမယ့် ဘယ်ကို ထွက်သွားကြတယ်ဆိုတာ မပြောနိုင်ဘူး။ သူတို့က ပေါက်တောမြို့နယ် ဆက်တက်မော်ဘက်က သူတွေနဲ့ ဖုံးနဲ့ အဆက်အသွယ်ရှိပြီး အဲသလိုမျိုး ဟိုက စက်လှေတွေ လာယူပြီး ထွက်ခွာနေကြတာတွေ ရှိနေကြပါတယ်” ဟု သူက ဆက်ဆိုသည်။

ယနေ့တွင်တော့ မြေပုံတွင် အခြေအနေ အေးအေးဆေးဆေး ရှိနေကြောင်း သိရသည်။

0 comments:

Post a Comment

 
Twitter Bird Gadget