Tuesday, September 17, 2013

ငြိမ်းချမ်းသွားရင် အသက်ပေးရကျိုးနပ်ပါတယ် ဆိုတဲ့ တိုက်ပွဲကျ သားမောင်စစ်သည်ရဲ့ မိခင်တစ်ဦး ပြောစကား




ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူတို့၏  ဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံရပြီး
ရက်စက်စွာ လူမဆန်ဘဲ    ခေါင်းဖြတ်သတ်ခံခြင်းခံခဲ့ရသည့်          ဗိုလ် ဇော်မျိုးထက်၏ မိဘနှစ်ပါးဖြစ်သည့် ဦးမျိုးဦးနှင့် ဒေါ်တင်မေဦးတို့ကို ပြည်ထောင်စုနေ့စဉ်မှ သွားရောက်
တွေ့ဆုံမေးမြန်းခဲ့သည့်အထဲက အချို့ကို ပြန်လည်ဖော်ပြလိုက်ပါတယ်။


မေး။   ။ တာဝန်ထမ်းဆောင်ရင်း စစ်မြေပြင် အနီးတစ်ဝိုက် ကျဆုံးသွားတဲ့
ဗိုလ်ဇော်မျိုးထက်ရဲ့အကြောင်း ပြောပြပေးပါခင်ဗျာ။

ဖြေ။  ။   ကျွန်မတို့သားက ၁၉၉၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၀ ရက်မှာ ဗိုလ်တစ်ထောင် ဂန္ဒီဆေးရုံမှာ မွေးခဲ့တာပါ။ ဗိုလ်တထောင် အထက (၁) ကျောင်းမှာပဲ မူလတန်းကနေ ၂၀၀၅ ခုနှစ် ၁၀ တန်းအောင်တဲ့အထိ တက်ခဲ့ပါတယ်။ ၁၀ တန်းမှာ ဂုဏ်ထူးတစ်ဘာသာ ရရှိခဲ့ပါတယ်။ နောက် စစ်တက္ကသိုလ် DSA သွားတက်ခဲ့တယ်။ စစ်တက္ကသိုလ်တက်ပြီးကတည်းက ကချင်ပြည်နယ်(မြောက်ပိုင်း) ပူတာအိုခရိုင် မချမ်းဘောမြို့နယ်မှာ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့တယ်။
လာမယ့် ဒီဇင်ဘာဆိုရင် တာဝန်ထမ်းဆောင်တာ  လေးနှစ်ပြည့်မှာပါ။ မွေးချင်းသုံးယောက်ရှိပါတယ်။ သားအကြီးပါ။

မေး။   ။ ဒီလိုဖြစ်စဉ်မျိုးမကြုံရမီ ဗိုလ်ဇော်မျိုးထက်နဲ့ ဆက်သွယ်မှုရခဲ့သေးလား။

ဖြေ။   ။ ၂၀၁၂ ခုနှစ် သြဂုတ်လတုန်းက မြစ်ကြီးနားမှာ အစည်းအဝေးလာတက်တုန်းက တစ်ကြိမ်၊ ၂၀၁၃ ခုနှစ်မှာတော့ တစ်ကြိမ်ပြန်လာတယ်။ အားလုံးကတော့ ဖုန်းနဲ့ဆက်တာပဲများပါတယ်။ ကိုယ်မပိုင်ဘူးလေ။ အိမ်ပြန်လာရင် အန်တီတို့က မိဘတွေ၊ တပ်ထဲမှာဆိုရင် ကိုယ့်အထက်အရာရှိတွေက မိဘတွေလို့ မှာထားပြီးသားပါ

မေး။   ။ နိုင်ငံတော်ပိုင်းကလည်း ငြိမ်းချမ်းရေးအတွက် အဓိကထားလုပ်ဆောင်နေတယ်။ အဲဒီလိုကြားကမှ ခုလိုကျဆုံးခဲ့တဲ့အတွက် မိဘတွေအနေနဲ့ ဘယ်လိုခံစားရပါသလဲ။ ဘာတွေများပြောချင်ပါသလဲ။

ဖြေ။  ။ တိုက်ပွဲတွေ ငြိမ်းချမ်းသွားရင် ကောင်းတာပေါ့။ ဘယ်အမေမှလဲ ဒီလိုဒုက္ခတွေ မခံစားရတော့ဘူး။ တစ်ဖက်သားအပေါ်မှာလည်း ဘာ အာဃာတမှမရှိပါဘူး။ ငြိမ်းချမ်းသွား၇င် အသက်ပေးရကျိုးနပ်ပါတယ်။ တိုင်းပြည်အတွက် အသက်ပေးသွားတယ်။ သာမန်သေဆုံးသွားတာမဟုတ်ပါဘူး။  


တကယ်တော့ စစ်ကို အမုန်းဆုံးက စစ်သားတွေပါပဲ။ တပ်မတော်ထဲစတင်ဝင်ရောက် အမှုထမ်းပြီဆိုကတည်းက မိမိချစ်တဲ့မိသားစု၊ မိဘဆွေမျိုး ၊ ညီအစ်ကိုမောင်နှမတွေကို စွန့်ခွာခဲ့ရသူချည်းပါပဲ။ အားလုံးကတော့ နွေးထွေးတဲ့အမေ့အိမ်ကို ပြန်လာချင်ကြသူချည်းပါပဲ။ 

ဒါပေမယ့် သူတို့          ပြန်မလာနိုင်ကြပါဘူး။  နိုင်ငံတော်နဲ့ပြည်သူလူထုရဲ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရင်း        ရောက်ရာနေရာမှာပဲ  အထက်ကပေးအပ်တဲ့အမိန့်ကိုနာခံရင်း
ဘ၀ကိုပျော်ရွင်စွာထမ်းဆောင်နေကြသူတွေပါ။   လူ့အခွင့်အရေးလည်းသူတို့မပြောကြပါဘူး ၊ငြိမ်းချမ်းရေးပွဲတော်တွေလုပ် ဟာသတွေထုတ်ကြ၊ ပျက်လုံးတွေထုတ်ကြ ဒါတွေလည်း သူတို့မပြောကြပါဘူး။   တောထဲတောင်ထဲမှာပဲ        ဘ၀ရဲ့အချိန်တွေကို      ကုန်ဆုံးရင်း 
မြို့ကြီးပြကြီးတွေမှာရှိတဲ့            ပြည်သူလူထုတွေ     စိတ်အေးချမ်းသာစွာနဲ
့နေနေကြမှာပဲဆိုတဲ့     စိတ်နဲ့ပဲဘ၀ကိုကျေနပ်နေရသူတွေပါ။ဖတ်ဖူးတာလေးတစ်ခုရှိတယ်။
       " နိုင်ငံသားအတွက် နိုင်ငံတော်လော၊ နိုင်ငံတော်အတွက် နိုင်ငံသားလော" တဲ့

သေချာတာကတော့   ခေတ်ကာလတွေ၊          အုပ်ချုပ်သူတွေ      ဘယ်လိုပဲပြောင်းပြောင်း
သူတို့ဟာ         နိုင်ငံတော်အတွက်၊           နိုင်ငံသားဆိုတဲ့စိတ်နဲ့   တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ကိုစွန့်ပြီး ကျရာနေရာကနေ ပေးအပ်လာသည့် တာဝန်ကို ထမ်းဆောင်သွားကြမည့် သူတွေဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ

0 comments:

Post a Comment

 
Twitter Bird Gadget