Monday, September 16, 2013

အစိုးရနှင့် ကေအိုင်အို လုပ်ငန်းဖော်ဆောင်ရေးအဖွဲ့ ဆွေးနွေး


အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့နဲ့ ကချင်လွတ်လပ်ရေး အဖွဲ့ (ကေအိုင်အို) ရဲ့ အလုပ်အဖွဲ့ တွေဟာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဒီနေ့ ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားမှာ ကြိုတင် ဆွေးနွေး နေကြပါတယ်။

ဒီတွေ့ဆုံမှုဟာ အခုရက်ပိုင်းအတွင်း အစိုးရတပ်ဘက်က အရာရှိတဦးကို ကချင်လွတ်လပ်ရေး တပ်မေတာ် (ကေအိုင်အေ) က သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် ဒီကေန့ နှစ်ဖက်အလုပ်အဖွဲ့တွေ မြစ်ကြီးနားမြို့မှာ ဆွေးနွေးညှိနှိုင်းကြတာ ဖြစ်ပါတယ်။

ဒီကေန့ နေလယ်ပိုင်း ၁၁ နာရီလောက်က ညနေ ၄ နာရီအထိ ဆွေးနွေးပွဲမှာတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ကိစ္စေတွ၊ အစိုးရနဲ့ ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲတွေ နောက်တြကိမ်ကျင်းပဖို့ ကိစ္စနဲ့ ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည် ကိစ္စတွေ ဆွေးနွေးဖြစ်တယ်လို့ ဆွေးနွေးပွဲတက်ရောက်သူတဦးဖြစ်တဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှေမာင်ရွှေ က ပြောပါတယ်။

“ထူးခြားတာက မေလကုန်ကနေ ၃ လခွဲကြာတဲ့ အချိန်ကာလမှာ အလုပ်အဖွဲ့တွေ ဆောင်ရွက်နိုင်ပေမယ့် အောက်တိုဘာ ပထမပတ်မှာ နှစ်ဖက်ခေါင်းဆောင်တွေ ပါဝင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြစ်ဖို့ ကျေန်ာတို့ ဒီနေ့ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ လုပ်ငန်းသေဘာသဘာဝအရ အလုပ်အဖွဲ့ကေတာ့ ဆုံးဖြတ်ချက် ချနိုင်တာမဟုတ်ဘူး။ ဒါပေ မယ့် ပြင်ဆင်ပေးတာ ဖြစ်တဲ့အတွက် ကျေန်ာတို့ဘက်က အောက်တိုဘာ ပထမပတ်မှာ အစည်းအေ၀း ကျင်းပ လိုပါတယ်လို့ အဆိုပြုတယ်၊ သူတို့ဘက်ကလည်း အောက်တိုဘာပထမပတ်မှာ ဆွေးနွေးချင်တာ တူတဲ့အတွက်ဆက်လက် ဆောင်ရွက်နိုင်ဖို့အတွက် သူတို့ ခေါင်းဆောင်တွေကို ဆက်တင်ပြပီးတော့ အတည်ပြုချက် ယူရမယ့်သေဘာရှိပါတယ်။”

လာမယ့် စက်တင်ဘာ ၁၇ ရက်နေ့မှာတော့ နှစ်ဘက် စစ်တပ်ပိုင်းဆိုင်ရာ ကိစ္စေတွ ညှိနှိုင်းဆွေးနွေးမယ်လို့လည်း ဆိုပါ တယ်။
ဒီကေန့ ဆွေးနွေးပွဲမှာ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဘက်က ကချင်ပြည်နယ် အစိုးရအဖွဲ့မှ နယ်စပ်ဒေသ ကာကွယ်ရေးနဲ့ လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး သန်းအောင်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒုတိယ ဗိုလ်မှူးကြီး အောင်နိုင်၊ ဒေါက်တာ ကျော်ရင်လှိုင်၊ ဒေါက်တာ မင်းဇော်ဦး၊ ဦးလှေမာင်ရွှေ၊ ဒေါက်တာ ကျော်ဆန်းဦးတို့ တက်ရောက်ခဲ့သလို ကေအိုင်အိုဘက်က ၈ ဦး တက်ရောက်ခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်က အောက်တိုဘာလကုန်ကျရင် နေပြည်တော်မှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှု ကို ဆောင်ရွက်ပြီးမှ နိုင်ငံရေးဆွေးနွေးပွဲ စတင်မယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။
လက်ရှိမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့အနက် ၁၄ ဖွဲ့နဲ့ အပစ်ရပ်ထားပြီး ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မေတာ် (တီအန်အယ်လ်အေ) က ဆက်လက် ဆွေးနွေးဆဲဖြစ်ပါတယ်။

၁၉၉၄ ခုနှစ်မှာ ယခင်စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သေဘာတူခဲ့တဲ့ ကေအိုင်အိုဟာ အစိုးရဘက်က နယ်ခြားစောင့် တပ်ပြောင်းခိုင်းတာကို ပယ်ချခဲ့ပြီးတဲ့နောက် ၂၀၁၁ ခုနှစ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ပါတယ်။
ဒီနောက် အပစ်အခတ်ရပ်စဲရေးအတွက် ၂၀၁၂ အောက်တိုဘာ လကုန်ပိုင်းမှာ တြကိမ်၊ တရုတ်အစိုးရရဲ့ ကြားဝင် ဆောင်ရွက်ပေးမှုနဲ့ ၂၀၁၃ ဖေဖ်ာဝါရီ ၄ ရက်နေ့မှာ တြကိမ်၊ ၂၀၁၃ ခုနှစ် မေလမှာတြကိမ် အစိုးရနဲ့ ကေအိုင်အိုတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

0 comments:

Post a Comment

 
Twitter Bird Gadget