Tuesday, September 10, 2013

အိမ်ဖေါ်အား မီးပူနှင့်ထိုးခဲ့သူကို ယနေ့အထိမဖမ်းဆီးသေး


ပဲခူးမြို့တွင် လွန်ခဲ့သည့်(၂၅.၃.၂၀၁၂)နေ့က တိုင်းတရားသူ ကြီးဟောင်း ယခု (တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ) အိမ်တွင်ငှားရမ်း နေထိုင်သော ပဲခူးမြို့နယ် တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီး ဒေါ်ဖြူဝင်းသက်(၃၆-နှစ်)မှ ၄င်းအိမ်တွင် အိမ်ဖေါ်အဖြစ် အလုပ်လုပ်ကိုင်သူ မအေးယုအောင်(၁၅-နှစ်)အားမီးပူနှင့် ထိုးခဲ့သဖြင့် မအေးယုအောင်၏ လည်ပင်းနှင့် ရင်ဘတ်တို့တွင် ဒါဏ်ရာများ ရရှိခဲ့သည်ကိုအမှတ်(၃) ရဲစခန်းမှတဆင့် ပဲခူးမြို့နယ် တရားရုံး သို့ တိုင်တန်းခဲ့ရာတွင် (၉.၅.၂၀၁၃)နေ့တွင် ပဲခူးမြို့နယ်တရားသူကြီး ဒေါ်ခင်မေယုမှ တရားလိုနှင့် သက်သေများကို ခေါ်ယူစစ်ဆေးခဲ့ပြီး တရားခံဟု စွပ်စွဲခံရသူသည် တရားရုံး၏ရှေ့မှောက်သို့ ယနေ့အချိန်အထိ လာရောက်ဖြေရှင်း ဆောင်ရွက်မှု မရှိသေးသဖြင့် ဒေါ်ဖြူဝင်းသက်အား ပဲခူးမြို့နယ် တရားရုံးမှ တရားခံပြေး အဖြစ်ကြေငြာထား ကြောင်းသိရှိရသည်

အလင်းရောင်

0 comments:

Post a Comment

 
Twitter Bird Gadget