
ရန်ကုန် ၊ ၉-၉-၂၀၁၃
ရန်ကုန်တိုင်း ဒေသကြီး ၊ လမ်းမတော် မြို့နယ် ၁၆ လမ်း၌ အန္တရာယ်ရှိ အဆောက်အအုံ အဖြစ် ကြေညာထား သော အိမ်အမှတ် ၉၀/၉၁ တိုက်ခန်းမှာ ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်က ပြိုကျခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခန်းကို အန္တရာယ်ရှိ သောကြောင့် လူမနေရန် ရန်ကုန်မြို့တော် စည်ပင် မှ ၂၀၁၁ ခုနှစ် ကတည်းက သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် မပြိုကျမီ အချိန်အထိ ယင်းတိုက်ခန်း အောက်ဘက်တွင် လူများ နေထိုင်ပြီး ပြိုကျစဉ်တွင် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။ ရန်ကုန်တိုင်း ဒေသကြီး အတွင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ အန္တရာယ်ရှိ အဆောက်အအုံ များ သတ်မှတ်ထားပြီး နေထိုင်သူများ ကိုလည်း သင့်ရာသို့ ပြောင်းရွှေ့ စေခဲ့ကြောင်း သိရသည်






0 comments:
Post a Comment