ဒါနဲ့ .. ကျွန်တော်လည်း စမ်းကြည့်တာပေါ့ ..
အလကားပေးတာကိုများ ဘာကို စမ်းကြည့်တာလဲလို့ တွေးမိမလားမသိဘူး
သူငယ်ချင်းတို့လည်း သိကြမှာပါ ..
Online ပေါ်မှာ ဆော့ဝဲလေးတစ်ခုကို Free အဖြစ်နဲ့ ယူမိပြီဆိုရင် အဲဒီ ဆော့ဝဲနဲ့အတူ ချိတ်ဆက်ထားတဲ့ Tool Bar တို့ Search Engine Program တို့ Junk File တို့ ... ပါလာတတ်စမြဲပဲ .. ပြန်ရှင်းထုတ်ရခက် .. သူတို့ကိုမလိုချင်လို့ Uncheck လုပ်လိုက်တော့လည်း ကိုယ်လိုချင်တဲ့ ဆော့ဝဲက ဒေါင်းလို့ မရတော့ဘူး ..
နည်းပညာတွေများ ဆန်းပြားလွန်းပါရဲ့ ..
ဒီကြားထဲ Virus ကပ်ပါလာတဲ့ ဆော့ဝဲတွေကလည်း ရှိသေးတယ် ...
ကဲ .. အခု ကျွန်တော် သူငယ်ချင်းတို့ကို မျှဝေပေးမယ် .. Website လေးကတော့ ..
အပေါ်မှာ ကျွန်တော်ပြောခဲ့တဲ့ ပြဿနာတွေ ဘာတစ်ခုဆို ဘာတစ်ခုမှ ကြုံရမှာမဟုတ်ပဲ .. စိတ်ချမ်းသာစွာနဲ့ ကိုယ်လိုချင်တဲ့ ဆော့ဝဲကို ဒေါင်းယူနိုင်မှာမယ့် Website လေးပဲ ဖြစ်ပါတယ် ..
ဆော့ဝဲတွေမှ အများကြီးပဲဗျို့ .
Freeware မှန်သမျှကို Free အတိုင်း ဒေါင်းယူနိုင်သလို Freeware မဟုတ်တဲ့ဆော့ဝဲတွေကိုလည်း Trail အဖြစ်ဒေါင်းယူ အသုံးပြုနိုင်အောင် စုစည်းပေးထားတာကို တွေ့ရတယ်ဗျ ..
သိပ်ကို အသုံးဝင်တဲ့ ဆော့ဝဲတွေလည်း အများကြီးတွေ့ရတယ် ..
ကျွန်တော်တော့ လောလောဆည် အဲဒီဆိုဒ်ထဲမှာ အမုန်းဆွဲနေတယ်ဗျာ ..
အဲဒီဆိုဒ်ကိုရောက်တာနဲ့ ကိုယ်လိုချင်တဲ့ဆော့ဝဲတွေကို ကလစ်ပေးပြီး အောက်ဆုံးမှာရှိတဲ့ အစိမ်းရောင်လေးနဲ့ Get Installer ဆိုတဲ့ Mode လေးကိုနှိပ်ပေးလိုက်ပါ ..
သူငယ်ချင်းတို့လိုချင်တဲ့ ဆော့ဝဲတွေကို Virus ကင်းကင်း .. တခြား Tool Bar ဘာညာပြဿနာ အရှင်း Premium User ဘာညာတွေ တွေ့နေရမှာမဟုတ်ပဲ တစ်ကယ်ကို အဆင်ပြေပြေနဲ့ ဒေါင်းယူနိုင်တာ တွေ့ရမှာပါ ..
ကျွန်တော်လည်း ဒီဆိုဒ်လေးကို ပြန်လည်မျှဝေခွင့်ရတာ တော်တော်ကြည်နူးမိပါတယ် ..
ကဲ .. စိတ်ဝင်စားလို့အခုပဲသွားချင်ရင်တော့ ဒီမှာ ကလစ်ပြီး သွားလိုက်ပါဗျာ ..
အဲဒီကိုရောက်တဲ့အခါ .. တစ်ကယ်ပဲ ဆော့ဝဲစတုဒီသာပွဲတော်ထဲ ရောက်သွားသလို ၀မ်းသာသွားစေရမယ်လို့ အာမခံလိုက်ပါတယ် ..
ကဲ .. အားရပါးရ ဒေါင်းနိုင်ကြပါစေဗျာ







0 comments:
Post a Comment