Saturday, September 7, 2013

တိုက်ခန်း၏ သုံးလွှာမှ ဝန်ထမ်းတစ်ဦးပြုတ်ကျသေဆုံး


နေပြည်တော်  စက်တင်ဘာ  ၅

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဓနသိဒ္ဓိရပ်ကွက် ဝန်ထမ်းအိမ်ရာ တိုက်အမှတ် (၁၃၆၆) အခန်း(၂၆)တွင် နေထိုင်လျက်ရှိသော (---)ဌာန ရုံးအကူ   ယာဉ်မောင်းတာဝန်ထမ်းဆောင်နေသည့် နေလင်းအောင် (၃ဝ နှစ်)သည် စက်တင်ဘာ ၅ ရက် နံနက် ၆ နာရီခွဲခန့်၌  ဝန်ထမ်းအိမ်ရာ  လေးလွှာတိုက်၏  သုံးလွှာမြောက်အခန်း (၂၆)မှ   ပြုတ်ကျသေဆုံးကြောင်း သိရသည်။

အဆိုပါ   သေဆုံးမှုဖြစ်ပွားနေကြောင်း  အကြောင်းကြားသဖြင့်  ရပ်ကွက်အုပ်ချုပ်ရေးမှူး  ဦးစောလင်းနှင့်  အမှတ်(၃) နယ်မြေရဲစခန်းမှူး ရဲအုပ်ထွန်းထွန်းဦးနှင့်အဖွဲ့တို့  လာရောက်စစ်ဆေး၍ လုပ်ထုံးလုပ်နည်းနှင့်အညီ    ခုတင် (၁ဝဝဝ)ဆေးရုံသို့ ပို့ဆောင်ပြီး အမှတ်(၃)နယ်မြေ ရဲစခန်း၏  သေမှုသေခင်း အမှတ် (၂/၂ဝ၁၃)အရ အမှုဖွင့်ဆက်လက် ဆောင်ရွက်နေကြောင်း  သိရသည်။

0 comments:

Post a Comment

 
Twitter Bird Gadget