Monday, September 16, 2013

လူရှစ်ဦးစီး ဂျက်လေယာဉ် ဝယ်ယူ၊ ငှားရမ်းနိုင်ရန် ပထမဆုံးဝန်ဆောင်မှု MAI စီစဉ်



မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များ အနေနှင့် ကမ္ဘာ့အရောင်းရဆုံး လူရှစ်ဦးစီး ဂျက်လေယာဉ်များ ဝယ်ယူ၊ ငှားရမ်းနိုင်ရန် ပထမဆုံး ဝန်ဆောင်မှုအဖြစ် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) က စီစဉ်ပေးမည် ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်းက သတင်းထုတ်ပြန်သည်။ Business Jet Gulfstream G450 ဂျက်လေယာဉ် အသေးစားဖြစ်ပြီး ဝယ်ယူငှားရမ်းနိုင်မည့် ဈေးနှုန်းကို အတိအကျ မသိရသေးဘဲ စိတ်ဝင်စား၍ လာရောက် ကမ်းလှမ်းပါက MAI ကတစ်ဆင့် ဆက်သွယ်ပေးမည် ဖြစ်ကြောင်း MAI လေကြောင်းလိုင်း အရောင်းမန်နေဂျာ ဒေါ်အေးမရသာက ပြောကြားသည်။ ဂျက်လေယာဉ် ဝယ်ယူ၊ ငှားရမ်းမည့် ကုမ္ပဏီမှာ ပြင်သစ်နိုင်ငံ အခြေစိုက် Gulfstream ကုမ္ပဏီဖြစ်ပြီး ဂျက်လေယာဉ် ဝယ်ယူ၊ ငှားရမ်းလိုပါက MAI ကတစ်ဆင့် ဆက်သွယ်နိုင်ကြောင်း၊ လေယာဉ်နှင့် ပတ်သက်သည့် ဝန်ဆောင်မှု၊ ထိန်းသိမ်းမှုများကို MAI က စီစဉ် ဆောင်ရွက်ပေးနိုင်ရန် အဆိုပါ ကုမ္ပဏီနှင့် ဆွေးနွေးလျက်ရှိကြောင်း ၄င်းက ဆိုသည်။ ၂၀၀၃ ခုနှစ်က ကျင်းပသော စီးပွားရေးလုပ်ငန်းသုံး လေကြောင်းဆိုင်ရာ အဖွဲ့အစည်း၏ နှစ်ပတ်လည် တွေ့ဆုံပွဲတွင် G450 ဂျက်လေယာဉ်ကို Gulfstream ကုမ္ပဏီက စတင်မိတ်ဆက်ခဲ့သည်ဟု သိရပါသည်။

0 comments:

Post a Comment

 
Twitter Bird Gadget