Friday, September 27, 2013

OIC နိုင်ငံခြားရေးဝန်ကြီးများအဖွဲ့ ရိုဟင်ဂျာ ကိစ္စဆွေးနွေးရန် မြန်မာနိုင်ငံလာမည်

ရန်ကုန် ၊ စက်တင်ဘာ ၂၆ ။        ။ အစ္စ လာမ္မစ်ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဖြစ်သော OIC ၏ နိုင်ငံခြား ရေးဝန်ကြီးများအဖွဲ့သည် မြန်မာ နိုင်ငံသို့လာရောက်ရန် အစီအစဉ် ရှိကြောင်း သိရသည်။  အဆိုပါအဖွဲ့လာရောက် မည့် အစီအစဉ်နှင့် ပတ်သက် ၍ နိုင်ငံတော်သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးဦးရဲထွဋ်က ''OIC  အဖွဲ့ လာမယ်ဆိုတာတော့ သိပါတယ်။ သူတို့တွေ လေ့လာ ချင်တဲ့နေရာတွေနဲ့ ဒီဘက်ကခွင့် ပြုနိုင်တဲ့နေရာတွေအတွက် ညှိ နှိုင်းဆဲပဲ ရှိပါ သေးတယ်။ နောက် ဆုံးအခြေအနေတော့ မသိသေး ပါဘူး''ဟု ပြောသည်။

စက်တင်ဘာ၂၅ရက်က ကျင်းပခဲ့သော OIC  အဖွဲ့၏ ရို ဟင်ဂျာမူဆလင်လူနည်းစုရေးရာ အစည်း အဝေးတွင် OIC  ၏ အတွင်းရေး မှူးချုပ် ပါမောက္ခအက်နီလတ် ဒင်အီဆာနိုဂလူ ဦးဆောင်သော အဖွဲ့ကို မြန်မာနိုင်ငံသို့စေလွှတ် ရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရ သည်။ OIC အဖွဲ့သည် မြန်မာနိုင်ငံ တွင် ပဋိပက္ခများဖြစ်ပွားခဲ့သော ရခိုင်ဒေသနှင့် နိုင်ငံအတွင်းရှိ မူဆလင်များရှိရာ အခိျု့သောနေ ရာများသို့သွားရောက်ရန် အစီ အစဉ်ရှိကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ ရခိုင် ပြည်နယ်အစိုးရအဖွဲ့ ပြန်ကြား ရေးတာဝန်ခံ ဦးဝင်းမြိုင်က ''OIC  လာမယ့်ကိစ္စ လုံးဝမဖြစ်နိုင်ဘူး။ ကျွန်တော်တို့အနေနဲ့ ဘာမှမသိ ရဘူး။ သေချာတာတစ်ခုက OIC  ကို ရခိုင်ပြည်နယ်က ရခိုင်လူမျိုး တွေက လုံးဝ လက်မခံဘူးဆိုတာ တော့ သိတယ်။ ဒီသတင်းနဲ့ပတ် သက်ပြီး ကျွန်တော်တို့အနေနဲ့လုံးဝ မသိရတာပါ''ဟု ပြောသည်။ မူဆလင်များ၏အခြေအ နေကို တိုးတက်မှုရှိစေရန်အတွက် အကူအညီပေးအပ်သည့်နေရာ တွင် ပူးပေါင်းဆောင်ရွက်သွား ရန်ဆန္ဒရှိကြောင်းOIC အတွင်း ရေးမှူးက ပြောကြားခဲ့ကြောင်း ဘယ်လ်ဂျီယံအခြေစိုက် Kshmir Watch  သတင်းဌာနတွင် ဖော်ပြ ထားသည်။

OIC အဖွဲ့သည် နိုင်ငံပေါင်း ၅ဝကျော်ဖြင့်ဖွဲ့စည်းထားပြီး ယခင် က မြန်မာနိုင်ငံတွင် OIC ရုံးကို ဖွင့်လှစ်ခွင့်ပြုရန် တောင်းဆိုခဲ့မှု များရှိခဲ့သော်လည်း ပြည်သူများ ဝိုင်းဝန်းကန့်ကွက်မှုကြောင့် နိုင်ငံ တော်သမ္မတက OIC ရုံးကိုဖွင့်လှစ် ခွင့်မပြုဟု ၂၀၁၂ခုနှစ် အောက် တိုဘာလအတွင်း သတင်းထောက် များနှင့် တွေ့ဆုံစဉ်ပြောခဲ့သည်။

0 comments:

Post a Comment

 
Twitter Bird Gadget