
''ဆင်းမ်ကတ်တွေကတော့ တစ်ကတ် ကျပ်၁၅ဝဝနဲ့ရောင်းချ ပေးသွားမှာပါ။ ဖုန်းခေါ်ဆိုခနှုန်း ကိုတော့ တစ်မိနစ် ၂၅ကျပ်နဲ့ဝန် ဆောင်မှုပေးဖို့ စီစဉ်ထားပါတယ်။ ဆက်သွယ်ရေးက တင်ထားတဲ့ ဥပဒေထွက်လာရင် စတင်ပြီးဈေး ကွက်အတွင်း ဖြန့်ဖို့ ဆောင်ရွက် နေပါတယ်။ မြန်မာနိုင်ငံတွင်းမှာ ရှိတဲ့သူတွေအားလုံး ဈေးသက် သက်သာသာနဲ့ လူတိုင်းစေ့နီးပါး အသုံးပြုနိုင်အောင် လုပ်ပေးမှာ ပါ''ဟု ယင်းက ပြောသည်။ ယနေ့ကျင်းပသောMyanmar Connect 2013 သည် MICT, MPT, PDT, Yatana-pon Teleport Company, Ooredoo နှင့် Telenor Myanmar တို့ကို ကမ္ဘာ့စီးပွားရေးစင်မြင့်ထက် တွင် ပေါင်းစည်းပေးသော ပထမ ဆုံးသော နိုင်ငံတကာအခမ်းအနားတစ်ခု ဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့အနေနဲ့လဲ ဖုန်းခေါ်ဆိုခနှုန်းတွေကို သူတို့ ပြောတဲ့ဈေးထက် ပိုပြီးသက်သာ သောဈေးနှုန်းနဲ့ ဆောင်ရွက်ပေး ဖို့ အစီအစဉ်ရှိပါတယ်''ဟု Yatanapon Telelport မှ တာဝန်ရှိ သူတစ်ဦးမှ သတင်းထောက်များ မေးမြန်းမှုကို ဖြေကြား ခဲ့သည်။
မောင်ပိုင်
Yangon Media Group






0 comments:
Post a Comment