Thursday, October 10, 2013

ဆရာဝန် (၁၀၁၀) ဦးအား Black List မှ ပယ်ဖျက်ခွင့်ပြုခြင်း

From : .. သမ္မတရုံး 



၁။ ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်လျက် ရှိပြီး နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကိုလည်း အလေးထား အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။
၂။ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ခြင်း အလို့ငှာ ကုမ္ပဏီများ၊ နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များအား အကြောင်းအမျိုးမျိုးကြောင့် ယခင်က Black List သတ်မှတ်ရေးသွင်းပြီး ကန့်သတ်မှုများ ဆောင်ရွက် ထား ရှိခဲ့သော်လည်း ယခုအခါ ပြောင်းလဲလာသော ခေတ်စနစ်နှင့် အညီ ဖြေလျော့ဆောင်ရွက်ပေးလျက်ရှိရာ Black List မှ ပယ်ဖျက်ပေးခဲ့မှုများကိုလည်း နိုင်ငံတော်သမ္မတရုံး Website တွင် ဖော်ပြပေးလျက်ရှိပါသည်။
၃။ ယခုအခါ ထပ်မံ၍ ကျန်းမာရေးဝန်ကြီးဌာနမှ Black List သတ်မှတ်ထားသူများအနက် ဆရာဝန် (၁၀၁၀) ဦးအား Black List မှ ပယ်ဖျက်ပေးလိုက်ကြောင်း ထုတ်ပြန်အပ်ပါသည်။
၎။ Black List မှ ပယ်ဖျက်ပေးသည့် ဆရာဝန် (၁၀၁၀) ဦး၏ အမည်စာရင်းကို ဆက်လက် ဖော်ပြပါမည်။

0 comments:

Post a Comment

 
Twitter Bird Gadget