အောက်တိုဘာ
၁၁ ရက်နေ့ ည ၈နာရီ ၅၀ အချိန် တောင်ငူမြို့ ၁၇ ရပ်ကွက်၊ ကန်လမ်းရှိ
ချမ်းမြေ့ဧည့်ရိပ်သာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ
အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
အဆိုပါဧည့်ရိပ်သာ၏ အပေါ်ထပ်အခန်းနံပါတ် (၆)မှပေါက်ကွဲခဲခြင်းဖြစ်ပြီး
ယင်းအခန်းတွင် တည်းခိုသူ မြို့မ(၄) ရပ်ကွက်
ညောင်လေးပင်မြို့နေသူများဖြစ်ကြသော မယုခိုင်(ဘ) ဦးသိန်းဝင်း( ၂၄ နှစ်) မှာ
အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး
မငြိမ်းသီတာ(ဘ) ဦးခင်မောင်သန်း(၂၇) မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး
တောင်ငူခရိုင်ပြည်သူဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်။ ၄င်းအခန်း ၆ နှင့်
ကပ်လျှက် အခန်း (B) တွင်တည်းခိုသူ နေမျိုးကျော် (၂၉နှစ်) (ဘ)ဦးကျော်လွင်
ဌက်ပျောတောကျေးရွာ လယ်ဝေးမြို့နေသူမှာ ပွဲချင်းပြီးနေရာတွင်
သေဆုံးခဲ့ကြောင်းသိရသည်။
Friday, October 11, 2013
Subscribe to:
Post Comments (Atom)







0 comments:
Post a Comment