Saturday, October 26, 2013
မြန်မာအမျိုးသမီး နှင့် ပုဝါ ယဉ်ကျေးမှု
ပုဝါဆိုတာ မြန်မာအမျိုးသမီးတွေရဲ့ ရိုးရာဝတ်စုံမှာ မပါမဖြစ်တဲ့ အဆင်တန်ဆာတစ်ခုပါ။ ဘုရင်မ၊ မိဖုရားမှ စ၍ မင်းမျိုး၊ ပုဏ္ဏားမျိုး၊ ကုန်သည်မျိုးမှ ကျေးတောသူအဆုံး အဝတ်အစားဝတ်တိုင်း ပုဝါနှစ်ဆ ရှေ့မှာချပြီး ဝတ်ဆင်လေ့ရှိကြ ပါတယ်။ မြန်မာ့ရိုးရာ ပုဝါ ဝတ်ဆင်နည်းမှာ ပုဝါရှည်ကို ဝဲ/ယာ ပုခုံးနှစ်ဖက်ပေါ်မှ အနားညီကာ ရှေသို့ချထား ဝတ်ဆင်ကြတာဖြစ်ပါတယ်။ နန်းသုံးအဆောင်အယောင်များတွင် ပုဝါမှာမရှိမဖြစ် ဖြစ်သဖြင့် ယနေ့ ပွဲလမ်းဇာတ် သဘင်များမှာ ဇာတ်မင်းသမီး၊ အငြိမ့်မင်းသမီးများအားလုံး ပုဝါများကို ဝတ်ဆင်ထားကြတာ ဖြစ်ပါတယ်။ အမြင်သာ ဆုံးကတော့ ဒီကနေ့ကျင်းပနေတဲ့ မြန်မာ့ရိုးရာဝတ်စုံနဲ့ ပြုလုပ်တဲ့ မင်္ဂလာအခမ်းအနားတွေမှာ သတို့သမီးတွေ ပုဝါ နှစ်ဆအသာချထားတာ အားလုံးအမြင် ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကနေ့ လူထုခေါင်းဆောင်ဆိုတဲ့ မြန်မာအမျိုးသမီး တစ်ဦးက ပုဝါကို မြန်မာ့ရိုးရာအတိုင်း ရှေ့မှာ ၂ ဆ မချပဲ ကုလားမများ စာရီခြုံသလို နောက်ကျောမှာ ပုဝါ ၂ စချထားတာတွေ့နေရတာ မြင်ရသူအပေါင်းအတွက် စိတ်မသက်မသာဖြစ်နေရပါတယ်။ ရှေ့မှီနောက်မှီ သက်ကြီး များကလည်း ပုဝါခြုံတာမှားနေကြောင်း အမှန်ကဒီလိုမဟုတ်ကြောင်း အတုမယူကြဖို့ ဆုံးမနေတာတွေ ကြားရပါ တယ်။ ခက်တာက အဆိုပါ အမျိုးသမီးက အပြင်မှာ ဝတ်စားတာ မဟုတ်ပဲ ဥပဒေပြုရေးမှာ အမြင့်ဆုံးဖြစ်တဲ့ လွှတ်တော်ခန်းမကြီးထဲမှာ အခုလို ဝတ်ဆင်နေတာက အဆိုးဆုံးပါ။ NLD ပါတီဝင်တွေရော၊ တခြားပါတီတွေ အားလုံးကရော အမျိုးသမီးလွှတ်တော်အမတ်အားလုံးက ပုဝါကို ရိုးရာအတိုင်း ပုဝါ ၂ ဆ ရှေ့ချပြီး ဝတ်တာတွေ့ရ ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းသာ စာရီခြုံသလိုမျိုး ပုဝါ ၂ ဆ နောက်ကို ချပြီး ကုလားမ တစ်ဦး သဖွယ် ဝတ်ဆင်နေထိုင်နေတာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ရပ်က မြန်မာ့ရိုးရာကို ဆန့်ကျင်နေသလို ဖျက်ဆီးနေသလိုလည်း ဖြစ်နေပါတယ်။ နောက်ပိုင်း မြန်မာမျိုးဆက်သစ် အမျိုးသမီးအားလုံးက ဒေါ်အောင်ဆန်းစုကြည်လို မျိုး လိုက်အတုယူကြရင် မြန်မာနဲ့ အိန္ဒိယ ခွဲရတော့မှာ မဟုတ်ပါဘူး။ လွှတ်တော်ထဲမှာ အခုလိုဝတ်စားဆင်ရင် တာကလည်း လွှတ်တော်ကို သိက္ခာကျစေပါတယ်။ သာမန်လူတွေအတွက် အသေးအဖွဲ့လို့ဆိုလို့ရပေမယ့် သမ္မတ လုပ်မယ်ဆိုတဲ့လူတစ်ယောက်အတွက် ရိုးရာအစဉ်အလာနဲ့ ဝတ်စားဆင်ယင်မှုက အရေးကြီးပါတယ်။ ပုဝါကို စာရီခြုံ သလိုမျိုး လည်ပင်းမှာ ပတ်ပြီး သမ္မတထိုင်ခုံပေါ် ဝင်ထိုင်နေတဲ့ မြင်ကွင်းကိုတော့ မြန်မာလူထုတစ်ရပ်လုံးက လိုလားမှာမဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာ အချိန်မှီ ဆင်ခြင်နိုင်ဖို့ အသိပေးရေးသားလိုက်ရပါတယ်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment