ကျွန်မဟာ လှိုင်မြို့နယ်မှ ကျောင်းဆရာမ တစ်ဦး ဖြစ်ပါတယ်၊ ယနေ.(24.10.13)
နေ.မနက် ၅နာရီခွဲမှာ ထားဝယ်မြို.ကနေ ရွှေဝယ်ရတနာ ယာဉ်လိုင်း နဲ.ရန်ကုန်
အောင်မင်္ဂလာ အဝေးပြေး ဂိတ်ကို ရောက်ပါတယ် ၊ ပစ္စည်းများချပြီ်း နံနက်6
နာရီမှာ တက္ကစီငှားပါတယ်။
ကားဆရာက အဝေးပြေးဂိတ်မှ လှိုင်မြို့နယ်၊အင်းစိန်လမ်း၊ သံလမ်းမှတ်တိုင်အထိ
လေးထောင်ကျပ်တောင်းပါတယ်။ ကားပေါ်ရောက်တဲ့အချိန်မှာ ကားမထွက်သေးဘဲ
နောက်ထပ်ခရီးသည် တင်ရဦးမယ်ပြောပါတယ်။
ဒီလိုနဲ့ ခရီးသည်များ ထပ်တင်ရာမှာ ဒရိုင်ဘာဘေး ရှေ့ခန်းမှာနှစ်ယောက် ၊ နောက်ခန်းမှာ ၃ယောက်
ထပ်မံတင်ပါတယ်။ထပ်မံတင်နေလို့ နံနက် ၇ နာရီတိတိ မှာ ကားစထွက်ဖြစ်ပါတယ်။ ၁နာရီကြာ စောင်.ရပါတယ်။
ခရီးသည်များမှာလည်း ရှေ့ခန်း၂ယောက် ၊ နောက်ခန်း လေးယောက်နှင့်
အထုပ်အပိုးများနှင့် ကျပ်သိပ်စွာ စီး နင်းကြရပါတယ်။ အလွန်ဒုက
္ခရောက်ကြရပါသည်။
ကားသမားမှာတော့ ခရီးတစ်ကျော့ကို နှစ်သောင်းကျပ် ခန့် ရရှိပါတယ်။
ထိုကဲ့သို့ အောင်မင်္ဂလာအဝေးပြေးဂိတ်သို့ ဆိုက်ရောက် လာသော ခရီးသည်များ
သွားလာရေး အဆင်ပြေစေရန် စီစဉ်ဆောင်ရွက်ပေးပါရန်နှင့် လက်ရှိတာဝန်ကျနေသော
ဂိတ်မှူးများကို အရေးယူပေးပါရန် တင်ပြတိုင်ကြားအပ် ပါသည်။
ကျောင်းဆရာမတစ်ဦး
(လှိုင်မြို့နယ်)
Thursday, October 24, 2013
Subscribe to:
Post Comments (Atom)







0 comments:
Post a Comment