ဆီးရီးယားနိုင်ငံပြည်တွင်းစစ်ကြောင့် စစ်ပြေးဒုက္ခသည် အယောက် ၆
သန်းလောက်ရှိတဲ့ အဲဒီထဲက အယောက် ၂ သန်း ကျော် ဟာ ပြည် ပ နိုင်
ငံ မှာ ရောက်ရှိ နေတာ ဖြစ်ပါတယ်။
ဆီးရီးယားနိုင်ငံက
ဒုက္ခသည်တွေကို လူသားချင်း စာနာတဲ့အနေနဲ့ ခေါ်ယူကြဖို့ ကုလသမဂ္ဂက
အကူအညီတောင်းဆိုပြီးနောက် သြစတြေးလျအစိုးရက ဆီးရီးယား ဒုက္ခသည် အယောက်
ငါးရာအတွက် နေရာ ရာထား လိုက်တာ ဖြစ်ပါတယ်။
တစ်နှစ်ကို အယောက်ငါးရာ ခေါ်ယူပြီး ဆီးရီးယားဒုက္ခသည် အယောက် ၁၃၇၀၀ အထိ လက်ခံသွားမယ်လို့ သြစတြေးလျအစိုးရက ပြောပါတယ်။
ဒီနှစ်အတွက်
ရာထားတဲ့ နေရာတွေအတွက် ဘယ်သူ့ကို ခေါ်ယူမလဲဆိုတာကို ကုလသမဂ္ဂနဲ့
တိုင်ပင်ပြီး ဆုံးဖြတ်သွားမယ်လို့ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး Scott
Morrison က ပြောပါတယ်။
ဆီးရီးယားနိုင်ငံ ပြည်တွင်းစစ်ကြောင့်
လူပေါင်း တစ်သိန်းကျော် သေဆုံးပြီး စစ်ဘေးဒုက္ခသည်တွေဟာ တူရကီ၊
လက်ဘနွန်၊ ဂျော်ဒန်အစရှိတဲ့ နိုင်ငံတွေကို ထွက်ပြေးနေကြတဲ့အတွက်
အိမ်နီးချင်း နိုင်ငံတွေကလည်း မနိုင်မနင်းဖြစ်နေပြီး အဲဒီ
ဝန်ထုတ်ဝန်ပိုးကို ကမ္ဘာ့နိုင်ငံတွေ မျှဝေကြဖို့ ကုလသမဂ္ဂက
တိုက်တွန်းပြီးနောက် သြစတြေးလျအစိုးရက ခုလို တုန့်ပြန်လိုက်တာ
ဖြစ်ပါတယ်။
Sunday, October 6, 2013
Subscribe to:
Post Comments (Atom)






0 comments:
Post a Comment