နေပြည်တော် အောက်တိုဘာ ၁၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်သည် ယနေ့ ဒေသ စံတော်ချိန် နံနက် ၉ နာရီခွဲတွင်
ဘရူနိုင်းဒါရုဆလမ်နိုင်ငံ ဘန်ဒါဆရီဘီဂါဝန်မြို့ရှိ ခေတ္တ တည်းခိုသည့်
အစိုးရဧည့်ဂေဟာ၌ ဂျပန်နိုင်ငံ NHK ရုပ်မြင်သံကြားမှ မြန်မာနိုင်ငံ
ဌာနခွဲအကြီးအကဲ Mr.Jun Kobayashi အား လက်ခံတွေ့ဆုံပြီး တွေ့ဆုံမေးမြန်းခန်း
အဖြစ် မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ ဂျပန်နိုင်ငံ အဆာဟိရှင်ဘွန်းမှ
အာရှဒေသအကြီးအကဲ Mr. Ono နှင့် ရန်ကုန်ဌာနခွဲမှ သတင်းထောက် Mr.Igarashi
တို့၏တွေ့ဆုံမေးမြန်းမှုနှင့် ပြည်တွင်း မီဒီယာ ဖြစ်သည့် Myanmar
International TV ၏ တွေ့ဆုံမေးမြန်းမှုများကိုလည်း ပြန်လည် ဖြေကြားခဲ့ သည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်ဇနီး
ဒေါ်ခင်ခင်ဝင်းနှင့် အဖွဲ့သည် ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီတွင်
ဘန်ဒါဆရီ ဘီဂါဝန်မြို့မှ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း အထူး
လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာလာရာ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင်
နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။






0 comments:
Post a Comment