ငြိမ်းချမ်းရေးနှင့်ယုံကြည်မှု တည်ဆောက်ရေးဆွေးနွေးပွဲကို စက်တင်ဘာလ (၂၁) ရက်မှ ၂၃ ရက်နေ့ထိ တောင်ကြီးမြို့တွင် ကျင်းပခဲ့ရာ အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးခဲ့သူရှမ်းပြည် လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက် ရေးအဖွဲ့၊ ကရင်နီလူမျိုးပေါင်းစုံ တပ်ဦးနှင့် ကယန်းပြည်သစ်ပါတီ လက်နက်ကိုင်သုံးဖွဲ့၏ကိုယ်စားလှယ် စိုင်းထွန်းအေးကိုတောင်ကြီးညီလာ ခံနှင့် ပတ်သက်၍မေးမြန်းခွင့်ရခဲ့ ပါသည်။
တောင်ကြီးမှာ ကျင်းပခဲ့တဲ့ညီလာ ခံမှာ ပေါ်ထွက်လာတဲ့ဆုံးဖြတ်ချက် တွေကို ပြောပေးပါခင်ဗျာ။
ကျွန်တော်တို့တောင်ကြီးညီ လာခံမတိုင်ခင်ဒီနှစ်မတ်လ (၁၉) ရက်မှာ လာရှိုးမြို့နယ်မှာ ရှမ်း၊ ကယားညီလာခံလုပ်ခဲ့ပါတယ်။ ရှမ်း၊ ကယာညီလာခံမှာဖွဲ့စည်းပုံ ပြင်မလားအသစ်ရေးဆွဲမလာဆိုပြီး ဆန္ဒခံယူခဲ့ပါတယ်။ အသစ်ရေးဆွဲ ရေးကိုတော်တော်များများက သဘောတူကြတဲ့အတွက် လားရှိုး ညီလာခံမှာ အသစ်ရေးဆွဲရေးကို ထုတ်ပြန်ခဲ့ပါတယ်။ အခုတောင် ကြီးညီလာခံမှာ ပိုမိုကျယ်ပြန့်လာ ပြီးတော့မှ ရှမ်း၊ ကယား၊ ကရင်၊ မွန်၊ NLD နဲ့ ၈၈ ပွင့်လင်းအဖွဲ့ စည်းအပါဝင် (၅၀) ကျော်တက် ရောက်ခဲ့ပါတယ်။ ရှစ်လေးလုံးငွေ ရတုအခမ်းနားမှာ မူ (၃) ရပ်ချ မှတ်ခဲ့တယ်။ ဒါကြောင့်တည်ငြိမ်း ရေးကိုတည်ဆောက်ရေးအသံညှိဖို့ အတွက် ဖွဲ့စည်းပုံကိုပြင်ဆင်ရေး (သို့) အသစ်ရေးဆွဲရေးနှစ်မျိုးလုပ် ထားပါတယ်။
ဖွဲ့စည်းပုံကို ပြင်ဆင်မယ်ဆိုရင် ဘယ်အချက်တွေကို ပြင်ဆင်မှာလဲ ဆိုတာပြောပေးပါခင်ဗျာ။
ကျွန်တော်တို့လူမျိုးစုပါတီတွေ တိုင်းရင်းသားအင်အားစုတွေမြင် တာကတော့ ဖွဲ့စည်းပုံက အခြေခံ အုတ်မြစ်ကိုက မကောင်းတာဖြစ် တယ်။ စစ်တပ်ရဲ့ အခန်းကဏ္ဍကို ဇောင်းပေးထားတဲ့အတွက် ဖွဲ့စည်း ပုံကိုအခြေခံအုတ်မြစ်ကနေဖျက် ပစ်ရမယ့်အနေထားဆိုတော့ပြင်ဖို့ ထက်အားလုံးကအသစ်ရေးဆွဲရေး ကိုအဓိကထားတာ။ လွှတ်တော်ထဲ ၀င်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည် တောင်မှ ဖွဲ့စည်းပုံကိုပြင်ဆင်ရေး ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၀င်သွားတာ ပဲ။ ဒီနေ့အချိန်ထိဘာတစ်ခုမှ ပြင်ဆင်လို့မရဘူးဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ၀န်ခံထားပြီးပြီဘဲ။ ဒါကြောင့်မို့ ပြင်ဆင်ရေးဆိုတာကို တိုင်းရင်း သားလူမျိုးစုတွေက လုံးဝမယုံကြည် ဘူး။ အချိန်ဆွဲခြင်းလို့သတ်မှတ် ထားတယ်။ ထပ်မံပြီးတော့ အသစ် ရေးဆွဲခြင်းကိုပဲလူမျိုးစုပါတီတွေ က သဘောကျပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကဖွဲ့စည်း ပုံကိုပြင်ဆင်ရေး(သို့)ဖျက်သိမ်းရေး ကို ပြည်သူဆန္ဒကိုခံယူသွားမယ် လို့ပြောတဲ့ အပေါ်အမြင်သဘော ထားကိုပြောပေးပါခင်ဗျာ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားတွေ ညှိနှိုင်းတဲ့အခါ မှာ ပြင်ဆင်ရေးနဲ့ အသစ်ရေးဆွဲ ရေးကွဲသွားတယ်။ အမြင်သဘော ထားအသံ (၂) မျိုးထွက်သွားတဲ့ အတွက်ဆုံးဖြတ်ပေးမှာတော့ ပြည်သူလူထုအသံပဲလို့ကောက် ချက်ချတဲ့အတွက် လူထုရဲ့အသံ ကို ယူတော့မယ်လို့သတ်မှတ်သွား တယ်လို့ယူဆပါတယ်။
ဖွဲ့စည်းပုံကိုပြင်ဆင်မယ်ဆိုရင် သဘာဝသယံဇာတခွဲဝေမှု အာဏာ ခွဲဝေမှုတွေကိုပြင်ဆင်ရမယ်ဆိုပြီး ပညာရှင်တွေကပြောနေကြပါတယ်။ အဲဒီအပေါ်အမြင်သဘောထားပြော ပေးပါခင်ဗျာ။
ကျွန်တော်တို့ လားရှိုး၊ တောင်ကြီးညီလာခံမှာအားလုံးက ထောက်ပြပါတယ်။ ပြည်နယ်ရဲ့ သယံဇာတကို ပြည်နယ်ကငုတ်တုတ် ထိုင်ကြည့်နေရတယ်။ ပြည်နယ် ခံစားနိုင်ခွင့်မှမရှိတော့တာ။ ပြည်နယ်ဝန်ကြီးချုပ်ကိုသမ်္မတကိုယ် တိုင်ခန့်အပ်ထားတာဆိုတော့ ပြည်နယ်ဝန်ကြီးချုပ်ကရုပ်ပြသက် သက်ပဲဖြစ်ပြီး လုပ်ပိုင်ခွင့်မရှိဘူး လေ။ ဒါကြောင့်ပညာရှင်တွေ ထောက်ပြတဲ့အထဲမှာ သယံဇာတ ခွဲဝေမှုအပိုင်းမှာ လက်ရှိဖွဲ့စည်းပုံ မှာ အထူးသဖြင့်ပြည်နယ်တွေက သဘာဝသယံဇာတတွေထွက်တာ ကို ဖွဲ့စည်းပုံအရလုံးဝခံစားပိုင်ခွင့် မရှိဘူးဖြစ်နေပါတယ်။
ကျွန်တော်မေးခဲ့တဲ့ မေးခွန်းအပေါ် ထပ်မံဖြည့်စွက်ပြောစရာရှိပါသေး လားခင်ဗျာ။
ကျွန်တော်ထပ်မံဖြည့်စွက်ပြော ချင်တာက ဒေါ်အောင်ဆန်းစုကြည် ဟာ လွှတ်တော်ထဲဝင်ချင်တဲ့ သူတစ်ယောက်ပဲ။ လွှတ်တော် ထဲဝင်တဲ့အခါကျတော့လည်း ဦးသိန်းစိန်နဲ့လည်း တံခါးပိတ်တွေ ဆွေးနွေးပေါင်းတွေများနေပြီး ဘာတွေဆွေးနွေးမှန်းမသိဘူး။ ဘယ်လိုကတိက၀တ်တွေရထား တယ်ဆိုတာ လူထုကိုလည်း ချပြ နိုင်တဲ့ အစိတ်ပိုင်းမဟုတ်ဘူးလေ လွှတ်တော်ထဲဝင်ခြင်းအားဖြင့် အစကတည်းက အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ်၊ ထိန်းသိမ်းစောင့်ရှောက်ပါမယ်ဆို တာကို ကျမ်းကျိန်တာတွေနဲ့ ငြိစွန်းနေတာပဲ။ သူအနေနဲ့ ၀င်ပြီးတော့ပြင်ဆင်ရေးကို ကြိုးစာနေတာပဲလေ။ ဒါပေမဲ့ ဖြစ်လာတာ မဖြစ်လာတော့တစ်ပိုင်း ပေါ့။ လက်ရှိကတော့လွှတ်တော် ထဲကိုဝင်ခြင်းအားဖြင့် ဖွဲ့စည်းပုံကို ပခုံးထမ်းထားရတယ်လို့ယူဆပါ တယ်။ ဒီအတွက်ကြောင့် အသစ် ရေးဆွဲရေးဆိုရင်ကာကွယ်ရေးဦးစီး ချုပ်နဲ့ ထိပ်တိုက်တွေ့ရပါလိမ့်မယ်။ စစ်တပ်ကလည်းပြင်ဆင်ရေးဆိုရင် သူတို့လက်ခံလိမ့်မယ်။ အသစ်ရေး ဆွဲရေးဆိုရင် သူတို့လက်ခံမှာ မဟုတ်ဘူး။ စစ်တပ်နဲ့ ထိပ်တိုက် တွေ့ရပါလိမ့်မယ်။ စစ်တပ်ကလည်း ဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက် မယ်ကြွေးကြော်နေတယ်။ ဒီတော့ စစ်တပ်ရဲ့ အင်အားကိုချိန်ခွင်ညှာ ကို ပြန်ကြည့်နေရတဲ့အစိတ်အပိုင်း မှာတော့ဆိုတော့ ပြင်ဆင်တာပဲ ပြောပြောအသစ်ရေးဆွဲတာပဲပြော ပြော ၂၀၀၈ ဖွဲ့စည်းပုံကအလုပ် မဖြစ်မှန်းသူလည်းလက်ခံပါတယ်။ ကျွန်တော်လည်းယုံကြည်ပါတယ်။
ဟုတ်ကဲ့ အခုလိုဖြေကြားပေး တဲ့အတွက် ကျေးဇူးတင်ပါတယ်။
0 comments:
Post a Comment