Tuesday, October 22, 2013
သံတွဲပဋိပက္ခ စတင်သူ မုဒိန်းကောင် မွတ်ဆလင် ၂ ဦးအား ထောင် ၁၅ နှစ်စီကျခံစေ
ရခိုင်ပြည်နယ် သံတွဲမြို့တွင် ပထမအကြိမ် တောင်ကုတ်ဒေသခံ အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခဲ့ခြင်းနှင့် ပတ်သက်၍ နောက်ဆက်တွဲ ပဋိပက္ခများ ဖြစ်ပွားခဲ့ရာ ယင်းအဓမ္မမှု ကျူးလွန်ခဲ့သူ နှစ်ဦးကို ထောင်ဒဏ် ၁၅ နှစ်စီကျခံရန် သံတွဲမြို့နယ် တရားရုံးက အောက်တိုဘာလ ၂၁ ရက်နေ့တွင် ချမှတ်လိုက်ကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်တင့်က ပြောကြားသည်။
နှစ်ဦးကို ပြစ်ဒဏ်ကျခံစေရန် သံတွဲ အကျဉ်းထောင်တွင် ပို့ဆောင်ထားကြောင်း ၎င်းကဆိုသည်။
ဇွန်လ ၂၉ ရက်နေ့က သံတွဲမြို့တွင် ရောက်ရှိနေသည့် တောင်ကုတ်မြို့သူ အမျိုးသမီးတစ်ဦးကို ဆိုင်ကယ် ကယ်ရီသမားဖြစ်သူ ငပြူးက တောင်ကုတ်မြို့သို့ လိုက်ပို့ပေးမည်ဟုဆိုကာ ဆိုင်ကယ်နှင့် ခေါ်ဆောင်ခဲ့ပြီး အဓမ္မကျင့်မှုများ ကျူးလွန်ခဲ့ရာမှ သံတွဲမြို့ပေါ်တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။
ယင်းအမျိုးသမီးကို တောင်ကုတ်သို့ ပို့ပေးခြင်းမရှိဘဲ သံတွဲမြို့တွင်းသို့ခေါ်ကာ မုဒိမ်းမှုများ ကျူးလွန်ခဲ့ပြီး ဇွန်လ ၃၀ရက်နေ့တွင် သံတွဲ-တောင်ကုတ်သွားသည့် လမ်းပေါ်ရှိ တဲတစ်ခုအနီးတွင် ငပြူးနှင့် အခြားတစ်ဦးက အဓမ္မကျင့်မှု ထပ်မံကျူးလွန်ခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။
ယင်းအဓမ္မကျင့်မှုများကို မကျေနပ်သည့်အတွက် သံတွဲမြို့ပေါ်တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး နေအိမ်များ မီးရှို့ခံခဲ့ရသဖြင့် ယင်းအခြေအနေများကို ထိန်းသိမ်းရန် ညမထွက်ရအမိန့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ကို ထုတ်ခဲ့ရကြောင်း သက်ဆိုင်ရာ ဒေသအာဏာပိုင်များထံမှ သိရှိရသည်
Subscribe to:
Post Comments (Atom)







0 comments:
Post a Comment