Thursday, October 10, 2013
ရခိုင် အလောင်းနှစ်လောင်းတူးဖော်တွေ့ရှိပြီးနောက် သံတွဲမီးရှို့မှုနှင့်တရားစွဲထားသူအား လူသတ်မှုသို့ပြောင်း
ရခိုင်အမျိုးသား အလောင်းနှစ်လောင်းတွေ့ရှိခဲ့ပြီးနောက် သံတွဲပဋိပက္ခနှင့်ပတ်သက်ပြီး မီးရှို့မှုနှင့် တရားစွဲဆိုခံနေရသူ ကမန်တိုင်းရင်းသားများထဲမှ တစ်ဦးကို အဆိုပါလူသတ်မှုတွင်ပါဝင်နေ သည်ဟုယူဆကာ ပြောင်းလဲ တရား စွဲဆိုထားသည်ဟု သံတွဲ့မြို့နယ်ရဲတပ်ဖွဲ့မှုးရုံးမှ ရဲဒုတပ်ကြပ် အောင်နိုင်ဝင်းက ပြောသည်။
“မီးရှို့မှုနဲ့ဖမ်းထားတဲ့ ရှစ်ယောက်ထဲက ဟာမက်(ခ) ကျော်စိုးလှိုင် ကလူသတ်မှုမှာပါနေတယ်။ သူကိုတော့ မနေ့က လူသတ်မှုနဲ့ပြောင်းလဲတရားစွဲဆိုပါတယ်” ဟု၎င်းကဆိုသည်။
အသက် ၂၉ နှစ်နှင့် ၃၃ နှစ်အရွယ်အမျိုးသားအလောင်းနှစ်လောင်းကို သံတွဲမြို့နယ် အုန်းတောချောင်းအနီးတွင် ယခုလ ၉ ရက် မနက်ကရဲများက တူးဖော်ရှာဖွေတွေ့ရှိခဲ့သည်။
သံတွဲတွင် စက်တင်ဘာ ၂၈ရက်မှစတင်ကာ ရခိုင်တိုင်းရင်းသားများနှင့် ကမန်တိုင်းရင်း သားများ ကြားပြသနာဖြစ်ပွား ခဲ့ရာ အဆိုပါပဋိပက္ခ အတွင်း ရခိုင်တိုင်းရင်းသားနှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိကာ၊ ကမန်တိုင်းရင်းသား ငါးဦးသေဆုံးခဲ့သည်ဟု ရဲမှတ်တမ်းစာရင်းများကဆိုသည်။
အဆိုပါလူသတ်မှုတွင်ပါဝင်သူကို ရွှေလှေရဲစခန်းမှ (ပ) ၂၇/ ၁၃ ပြစ်မှုပုဒ်မ ၃၀၂/ ၃၂၆/၂၀၁/၁၁၄ တရားစွဲဆိုထား ကြောင်း၊ လူသတ်မှုတွင် ပါဝင်သူ နောက်ထပ်လေးငါးယောက်ခန့်ရှိကြောင်း၊ တိမ်းရှောင်နေသည့်အတွက် ဖမ်းဆီးနိုင်ရန်စုံစမ်းနေကြောင်း ဒုတပ်ကြပ် အောင်နိုင်ဝင်းကပြောသည်။
Subscribe to:
Post Comments (Atom)







0 comments:
Post a Comment