Thursday, October 10, 2013

မန္တလေးမြို့ သုံးလောင်းပြိုင် လူသတ်မှု တရားခံနှစ်ဦး ဖမ်းဆီးရမိ





ဆေးထိုအပ်၊ အခင်းဖြစ်နေ့ အ၀တ်အစားနှင့် မြောင်းထဲ လွင့်ပစ်သော လက်အိတ်

ဂွရှင်၊ ကျောက်လှည့် ၊ ကက်ကြေး၊ လက်အိပ်တဖက်နှင့် သက်သေခံထည့်အိတ် 
မန္တလေးမြို့၊ ချမ်းမြသာစည် မြို့သစ် Panasonic ကုမ္ပဏီ၏ ဂိုဒေါင်ဝင်းအတွင်း အောက်တိုဘာလ ၁ ရက်နေ့က ဖြစ်ပွားခဲ့သည့် သုံးလောင်းပြိုင်လူသတ်မှု တရားခံနှစ်ဦးဖြစ်သော မောင်သောင်းစုဇင် အသက်-၂၀ နှစ်၊  အဖ-ဦးကြံတင်၊ ဗန်းမော်နှင့် မောင်အောင်ကျော်ဟိန်း(ခ) အောင်ကျော်၊ အသက်-၁၉ နှစ် တို့ကို မန္တလေးတိုင်းဒေသကြီး မှူခင်းအကူဌာနမှ (CID ) ရဲအုပ်-မျိုးညွှန့်လွင်နှင့် မန်းရဲအုပ်-ရဲမြင့်တို့မှ (၇)ရက်အတွင်း ဖမ်းဆီးဖေါ်ထုတ်နိုင်ခဲ့တယ်လို့ မန္တလေးမြို့အမှတ်(၁၁) ရဲစခန်းမှ စုံစမ်းသိရှိရသည်။

လူသတ်မှု ကျူးလွန်သည့် မောင်သောင်းစုဇင်နှင့် မောင်အောင်ကျော်ဟိန်းတို့သည် ၀န်းယမ်း (၅၀)ကျော်ရှိသော ထို Panasonic ကုမ္ပဏီ၏ ၀န်းထမ်းများ ဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့ညက ကုမ္ပဏီ၏ မီးခံသေတ္တာဖောက်ဖို့ သွားရာ လုံခြုံရေးဝန်များဖြစ်သော (အမရပူရမြိုနယ်နေ) ဦးဟန်သောင်း၊ ဦးတင်လှိုင်၊ ဒေါ်ကြည်ကြည်ဟန်(ခ) ဒေါ်ခင်ခင်ဝင်း တို့ကိုတွေ့ပြီး သတ်ဖြတ်ရာမှ သုံးလောင်ပြိုင် လူသတ်မှု ဖြစ်သွားခဲ့တယ်လို့ သိရပါတယ်။

CID ရဲအုပ်- မျိုးညွှန့်လွင်နှင့် မန်းရဲအုပ်-ရဲမြင့်တို့သည် ကုမ္ပဏီမန်နေဂျာ နှစ်ဦး၏အကူအညီဖြင့် ၀န်ထမ်းများကို မေးမြန်းစစ်ဆေးရာက အမူအရာပျက်နေသော တရားခံ ကုမ္ပဏီဝန်ထမ်းနှစ်ဦးကို သတိထားမိပြီး ထိုတရားခံနှစ်ဦး၏ လှုပ်ရှားမှုများ၊ အခင်းဖြစ်ပျက်စဉ်က လှုပ်ရှားမှု ကွင်းဆက်များနှင့် သဲလွန်စများကို စောင့်ကြည့်စစ်ဆေး စုံစမ်း မေးမြန် ရှာဖွေရာမှ အမှုကိုဖေါ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ သုံးလောင်ပြိုင် လူသတ်မှု တရားခံများဖြစ်ကြသည် မောင်သောင်းစုဇင်နှင့် မောင်အောင်ကျော်ဟိန်းတို့ကို မန္တလေးမြို့ အမှတ် (၁၁) ရဲစခန်းမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂နှင့် (ပ) ၄၉၈/၂၀၁၃ တို့ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရပါသည်။

ဦးကောလေး

0 comments:

Post a Comment

 
Twitter Bird Gadget