Wednesday, October 30, 2013

မြန်မာနိုင်ငံသည် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ကြိုးပမ်းလုပ်ဆောင်နေသည့် လမ်းကြောင်းပေါ် ရောက်ရှိနေဟု ကမ္ဘာ့ဘဏ် ထုတ်ပြန်


မြန်မာနိုင်ငံသည် စီးပွားရေးပြုပြင် ပြောင်းလဲမှုများ ကြိုးပမ်းလုပ်ဆောင်နေ သည့်လမ်းကြောင်းပေါ် ရောက်ရှိနေ ကြောင်း ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည် ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်းတို့ ပူးတွဲပြုစုသည့် အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာ စည်းမျဉ်းဥပဒေများကို ယခုနှစ်အတွက် ထုတ်ဝေသည့် Doing Businessအစီ ရင်ခံစာတွင် ပထမဆုံးအဖြစ် ထည့်သွင်း ဖော်ပြခံရခြင်းလည်း ဖြစ်သည်။

Doing Business အစီရင်ခံစာ တွင် စတင်ပါဝင်လာခြင်းဖြင့် မြန်မာနိုင် ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် များ၏ အကျိုးရလဒ်ကို အကဲဖြတ်နိုင် မည်ဟု အစီရင်ခံစာနှင့်ပတ်သက်သည့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

မြန်မာအစိုးရသည် စီးပွားရေး ပြုပြင်ပြောင်းလဲ မှုဖြင့် ငွေလဲနှုန်း များတည်ငြိမ်အောင် ဆောင်ရွက်ခြင်း၊ ကုန်ဈေးနှုန်းတည်ငြိမ် စေရန်နှင့် ဘဏ်တိုးနှုန်းလျှော့ချသတ် မှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

သို့ရာတွင် အစိုးရက စီးပွားရေး ဆိုင်ရာ ပြောင်းလဲမှုများ ဆောင်ရွက်နေ သည်ဟု ဖော်ပြသော်လည်း နိုင်ငံရေး ပြောင်းလဲမှုများကိုသာ ပိုမိုမြင်တွေ့ရ ကြောင်း၊ စီးပွားရေးကဏ္ဍတွင် သိသာ သောပြောင်းလဲမှုများ မတွေ့ရကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက မှတ် ချက်ပြုသည်။

''စီးပွားရေး ပြောင်းလဲတယ်ဆိုရင် တစ်ဦးချင်းဝင်ငွေတွေ တက်လာရမှာ ပေါ့''ဟု ၎င်းက ပြောသည်။

မည်သို့ပင်ဖြစ်စေ ယခုနှစ်Doing Business အစီရင်ခံစာသည် (၁၁)ကြိမ်မြောက် တည်းဖြတ်ထုတ်ဝေ ခြင်းဖြစ်ပြီး နိုင်ငံများ၏ စီးပွားရေးလုပ် ငန်းစဉ်များကို အစအဆုံးလေ့လာသည့် အစီရင်ခံစာ ဖြစ်သည်။ စီးပွားရေးလုပ် ငန်းများဆောင်ရွက်ရန် အဆင်ပြေအ လွယ်ကူဆုံး နိုင်ငံများအဖြစ် အညွှန်း ကိန်း(၁ဝ)ခုပေါ်တွင် အခြေခံကာ အဆင့်သတ်မှတ်ချက်များထုတ် ပြန်ပေး ပြီး နိုင်ငံပေါင်း ၁၈၉ နိုင်ငံကို လေ့လာ ထားကြောင်း သိရသည်။

ယခုနှစ်တွင် အကောင်းဆုံးစီးပွားaရးစည်းမျဉ်းဥပဒေများရှိသည့် ထိပ် တန်းနိုင်ငံများ၌ နယူးဇီလန်၊ ဒိန်း မတ်၊ မလေးရှား၊ ကိုရီးယား၊ နော်ဝေ စသည် တို့ ပါဝင်ကြောင်း သိရသည်။

0 comments:

Post a Comment

 
Twitter Bird Gadget