Monday, October 28, 2013

မြန်မာနယ်စပ်ဂိတ်များကို နိုင်ငံတကာ ဂိတ်ပေါက်အဖြစ် တိုးချဲ့မည်



  မြန်မာ နိုင်ငံနှင့် နယ်စပ်ဂိတ်များ အားလုံးကို ၂၀၁၄ခုနှစ် နောက်ဆုံး ထားကာ နိုင်ငံတကာဂိတ်ပေါက် များအဖြစ် လွတ်လပ်စွာသွားလာ ခွင့်ပြုရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ် ရေး နှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ပြောသည်။ လက်ရှိ နယ်စပ်ဂိတ်ပေါက် လေးခုကိုသာ နိုင်ငံတကာဂိတ်အ ဖြစ် ဝင်ထွက်ခွင့်ပြုနေပြီး လာမည့် ၂၀၁၄ခုနှစ်နောက် ဆုံးထားကာ အာဆီယံမူ ဘောင် အတိုင်း ခွင့်ပြု သွားရန် လုပ်ဆောင် မည်ဟု အောက် တိုဘာ၂၆ရက်က ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပ သည့် ဆွေးနွေးပွဲတွင် ပြောဆိုခဲ့ ခြင်းဖြစ်သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အားဝန်ကြီးဌာန ပြည် ထောင် စုဝန်ကြီး ဦးခင်ရီက''ကရင် ပြည်နယ်ဘက်က ဂိတ်ပေါက်လေး ခုကို အရင်ခွင့်ပြုတယ် ဆိုတာက အဲဒီဒေသတွေက ငြိမ်းချမ်းသွား ပြီဆိုတဲ့အတွက် အရင်ခွင့်ပြုထား တာ၊ တခြား နယ်စပ်ဂိတ် ၁၂ခုကို လဲ တစ်ဖက်နိုင်ငံတွေနဲ့ပြောဆို ထားတဲ့အတွက် ၂၀၁၄ထက်တော့ နောက်မကျပါဘူး''ဟုဆိုသည်။ နိုင်ငံတကာဂိတ်ပေါက် အ ဖြစ် ဖွင့်လှစ်ထားသော ဂိတ်များ မှာ ထီးခီး-ဖွန်နရွန်၊ တာချီလိတ်- မယ်ဆိုင်၊ မြဝတီ-မဲဆောက်၊ ကော့ သောင်း-ရနောင်းဂိတ်ပေါက်များ ဖြစ်ပြီး ယင်းနေရာများမှတစ်ဆင့် Passport ကိုင်ဆောင်ထားသူများ မှာ နိုင်ငံတွင်း မည်သည့်နေရာ တွင်မဆို လွတ်လပ်စွာသွားလာခွင့် ရှိမည်ဖြစ်သည်ဟု သိရသည်။

0 comments:

Post a Comment

 
Twitter Bird Gadget