Tuesday, October 22, 2013

ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဆန္ဒကောက်ခံမှု ရလဒ်မကောင်းသဖြင့် မြန်မာအစိုးရကို ကမ္ဘာက ဖိအားပေးရန် ဒေါ်စု တောင်းဆို






ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဆန္ဒကောက်ခံမှု ရလဒ်မကောင်းသဖြင့် မြန်မာအစိုးရကို ကမ္ဘာက ဖိအားပေးရန် ဒေါ်စု တောင်းဆို လိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပနိုင်ငံ ခရီးစဉ်အတွင်း အောက်တိုဘာ ၂၁ ရက်နေ့က လူဇင်ဘတ်နိုင်ငံကို ရောက်ရှိခဲ့ပြီး သတင်းထောက်တွေ နဲ့ တွေ့ဆုံ ချိန်မှာ  မြန်မာအစိုးရဲ့ ပြုပြင်ပြောင်းလဲရေးမှာ စစ်မှန်တဲ့ ဒီမိုကရေစီဖြစ်ဖို့ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ဥရောပနိုင်ငံတွေက ဖိအားပေးဖို့ တိုက်တွန်း လိုက်တယ်လို့ အေဂျင်စီသတင်းတွေမှာ ဖော်ပြထားပါတယ်။
သူရဲ့ ခရီစဉ်အတွင်းမှာ ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ မတွေ့ဆုံခင်မှာ ဒီမိုကရေစီကျင့်စဉ်ရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်ဖို့ အရေးကြီးကြောင်း ကိုလည်း သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။
“မြန်မာနိုင်ငံမှာ အရေးကြီးတဲ့ကိစ္စတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ဒီကိစ္စတွေ အားလုံး ဖြေရှင်းနိုင်ဖို့က ဒီမိုကရေစီရဲ့ ကျင့်စဉ်မှာ အခြေခံအကျဆုံးကိစ္စတခုဖြစ်တဲ့  ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အရင်ဆုံး ပြင်ဆင်ဖို့ လိုပါတယ်။  ဒီဖွဲ့စည်းပုံကို မပြင်ဆင်မချင်း ကျန်တဲ့ ကိစ္စရပ်တွေ ပြုပြင်နိုင်မှာ မဟုတ်ပါဘူးလို့” ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
သူရဲ့ ခရီးစဉ်အတွင်းမှာ ဘယ်လ်ဂျီယံ၊ လူဇင်ဘတ်၊ ပြင်သစ်၊ ဗြိတိန်နဲ့ အီတလီစတဲ့ ဥရောပ ၅ နိုင်ငံကို သွားရောက်နေတာ ဖြစ်ပါတယ်။  ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အမတ် ဖြစ်ပြီး နောက်ပိုင်းမှာ ဒါဟာ ဥရောပကို တတိယအကြိမ်မြောက် သွားရောက်တာလည်း ဖြစ်ပါတယ်

0 comments:

Post a Comment

 
Twitter Bird Gadget