Thursday, October 24, 2013

ဦးသိန်းစိန် သမ္မတအဖြစ် အရွေးမခံတော့ဟု ဦးရွှေမန်းပြော



၂၀၁၅ ခု ကျင်းပမယ့် ရွေးကောက်ပွဲမှာ သမ္မတ ဦးသိန်းစိန်အနေ နဲ့ သမ္မတအဖြစ် အရွေးမခံတော့ဘူးလို့ သူ့ကို ပြောခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းက အောက်တိုဘာ ၂၄ ရက်နေ့က လွှတ်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ သူရဲ့ နိုင်ငံခြားခရီးစဉ်တခုမှာ နောက်တကြိမ်သမ္မတ အရွေးမခံတော့ကြောင်းနဲ့ ပြည်သူတွေက တောင်းဆိုမှုတွေ ရှိလာရင် သမ္မတအဖြစ် အရွေးခံမယ်လို့ ပြောခဲ့ဖူးပါတယ်။

ဒါ့အပြင် သူရ ဦးရွှေမန်းက အရင်စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချူပ်မှူးကြီး သန်းရွှေကို အစိုးရအဖွဲ့ သွားရောက်ကန်တော့ချိန်မှာ ဦးသန်းရွှေက မြန်မာ့နိုင်ငံရေးကို စိုးရိမ်ကြောင်းနဲ့ နိုင်ငံရေးမှာလည်း ၀င်မပါတော့ဘူးလို့ ပြောဆိုခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

0 comments:

Post a Comment

 
Twitter Bird Gadget