မိုက်ကယ်အဲရစ် ဟု ဆိုလျှင်
လူအတော်များများ မသိကြပါ။ မြန်မာနိုင်ငံသားများလည်း မသိသလို၊
ဘူတန်နိုင်ငံသားများလည်း မသိဘူး။ အင်္ဂလိပ်လူမျိုးများကို မေးလျှင်လည်း
မသိဘူးဟုသာ ဖြေကြပါတယ်။ မိုက်ကယ်အဲရစ် ဆိုသည်မှာ ယနေ့မြန်မာနိုင်ငံတွင်း
ဂျာနယ်များ၊ ပုဂ္ဂလိက သတင်းစာ မျက်နှာဖုံးများတွင် ပုံကြီးများဖြင့်
အမြဲဖော်ပြခြင်းခံနေ ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယောင်္ကျားဖြစ်ပါ တယ်။
ဒေါ်အောင်ဆန်း စုကြည် ပုံတွေ ပလူပျံနေပေမယ့် မိုက်ကယ်အဲရစ် ဓာတ်ပုံကိုတော့
ဘယ်ဂျာနယ်၊ ဘယ်သတင်းစာကမှ ဖော်ပြတာ မရှိဖူးပါဘူး။
မိုက်ကယ်အဲရစ်ဟာ ဘူတန်/တိဘက်
မျိုးနွယ် တစ်ယောက်ဖြစ်ပြီး ကျူးဘားမှာ မွေးဖွားခဲ့ပါတယ်။ မဟာရာန
ကိုးကွယ်သူတစ်ယောက်ပါ။ ၁၉၇၂ မှာ ၎င်း ထက် တစ်နှစ်ကြီး တဲ့ ဒေါ်အောင်ဆန်းစုကြည်
ကိုလက်ထပ်ပေါင်းသင်းခဲ့ပါတယ်။ လက်ထပ်ပြီးနောက် မိုက်ကယ်အဲရစ်ရဲ့ ဘဝက
သာယာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အိမ်ထောင်ရေးမှာ
တာဝန်ကျေသူတစ်ဦးဖြစ်ပြီး မယားဝတရား အားလုံး ကျေပွန်သူဖြစ်ပါတယ်။
မိုက်ကယ်အဲရစ်ရဲ့ မိဘ များကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ၎င်းရဲ့ မိဘများလို
သဘောထား တာကြောင့် မိုက်ကယ်အဲရစ် ရဲ့ ဘဝ သာယာခဲ့ပါတယ်။ ဇနီးသည်
ဒေါ်အောင်ဆန်းစုကြည်မှာ မိုက်ကယ်အဲရစ်မပါဘဲ ဘယ်မှ သွားလေ့မရှိပေ။
မြန်မာနိုင်ငံတောင် မပြန်ပဲ လင်ယောင်္ကျားအပေါ် သိတတ်ခဲ့တာကြောင့်
မိုက်ကယ်အဲရစ် ကံကောင်းခဲ့ရပါတယ်။ အိမ်ထောင်ကျပြီး တစ်နှစ်အတွင်းမှာပဲ
သားအကြီးကို မမျှော်လင့်ပဲ ဒေါ်အောင်ဆန်း စုကြည်ရဲ့ မိခင်နာမကျန်းဖြစ်လို့
မဖြစ်မနေ ဒေါ်စု မြန်မာနိုင်ငံပြန်ရာမှ ရုတ်တရပ်
နိုင်ငံရေးခေါင်းဆောင်ဖြစ်သွားတာဟာ မိုက်ကယ်အဲရစ်အတွက် ကံဆိုးခြင်းကို
စတင်ခဲ့ချိန်ဖြစ်ပါတယ်။ ဗြိတိန်သံရုံးမှ ဒေါ်အောင်ဆန်းစုကြည်ကို NLD ပါတီ
စတင် တည်ထောင်ဖို့ အစစအရာရာ ကူညီခဲ့ပြီး နိုင်ငံရေးထဲ
အပြီးအပိုင်ရောက်တဲ့အထိ စွမ်းစွမ်းတမန် ကူညီခဲ့ပါတယ်။ အဲဒီနောက်
ဒေါ်အောင်ဆန်းစုကြည်လည်း အသက် ၄၁ နှစ်ထိ နိုင်ငံခြားမှာ မိသားစုနဲ့
ပျော်ရွှင်ခဲ့ရတဲ့ နေ့တွေ ပျက်ဆီးခဲ့ရပြီး သောကတွေ ဝေခဲ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ထက်
ကံဆိုးတာက မိုက်ကယ်အဲရစ်ပါ။ ပြည်တွင်း မငြိမ်းချမ်း မှုများဖြစ်ပွားနေသည့်
မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေးနိုဘယ်ဆုရအောင်
မိုက်ကယ်အဲရစ်က သွားပေးပြောခဲ့ရပါတယ်။ မိုက်ကယ်အဲရစ်ကြောင့်
ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၁ ခုနှစ် မှာ နိုဘယ်ဆုရခဲ့ပါတယ်။ အဲဒီနောက် ၅
နှစ်အကြာမှာ မျိုးရိုးလည်းမရှိ၊ အပျော်အပါးလဲမလိုက်စားရပဲ မိုက်ကယ်အဲရစ်ရဲ့
ဂွေးစိ ကင်ဆာက ကုမရတော့ကြောင်း ဘီဘီစီက ကြေညာခဲ့ပါတယ်။ အဲဒီချိန်က
ကင်ဆာတွေက သိပ်ခေတ်မစားသေးပေမယ့် ဒီနေ့လိုပဲ ကင်ဆာဖြစ်သူမှန်သမျှ
သေရတာချည်းပါ။ ဒီတော့ မိုက်ကယ်အဲရစ် က မကြာခင်သေရတော့မယ်ဆိုပြီး
အသိပေးသလိုဖြစ်နေပါတယ်။ ကြိုတင် စီမံထားတဲ့ အတိုင်းပါပဲ ဒေါ်အောင်ဆန်း
စုကြည်ကလည်း ပိုပြီးတော့ လူသိများလာပြီး နာမည်ကျော်လာပါတယ်။ အဲဒီနောက်
၁၉၉၉ မှာတော့ မိုက်ကယ်အဲရစ် သေဆုံးခဲ့ပါတယ်။ မိုက်ကယ်အဲရစ်သေဆုံးမှုကို
ရဲတပ်ဖွဲ့အပါအဝင် တခြားဆရာဝန်တွေဆီ စစ်ဆေးခွင့်မပေးခဲ့ပါဘူး။ သေဆုံးတာကလည်း
၎င်းမွေးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့ အတိအကျပါ။ ကြိုတင်စီစဉ်ထားတာလား၊
တိုက်ဆိုက်တာလား ဆိုတာကတော့ ဘယ်သူမှ မသိနိုင်ပါဘူး။ ဗြိတိန်လိုနိုင်ငံ၊
အမေရိကန် အထောက်အပံ့ကောင်းတဲ့ ဒေါ်အောင်ဆန်းစုကြည် ယောင်္ကျား တစ်ယောက်ဟာ
တိုးတက်နေတဲ့ဆေးပညာကြားမှာနေပြီး ရောဂါမကုနိုင်လို့ သေတယ်ဆိုတာက လည်း သံသယ
ဝင်စရာပါ။ မိုက်ကယ် အဲရစ် သေဆုံးမှုကို သွေးရိုးသားရိုး မဖြစ်နိုင်ဘူး၊
ဒေါ်အောင်ဆန်းစုကြည်ကို လူသိများအောင် ဆေးထိုးသတ်တာ ဖြစ်နိုင်ကြောင်း
အဲဒီချိန်က ပညာရင်တချို့က သုံးသပ်ကြပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်
ကတော့ အဆိုတော်ရဲလေး လိုမျိုး ဇတ်နာအောင် လုပ်ပြနိုင်ပြီး ပရိတ်သက်
အများကြီးရလိုက်ပါတယ်။ အဆိုတာရဲလေးက အဖေကို အရက်သမား လုပ်ပြီး ငိုပြီး
သီချင်းဆိုတာ သွားတော့ မြန်မာတစ်နိုင်ငံပဲ သိပေမယ့် ဒေါ်အောင်ဆန်းစုကြည်က
လင်ယောင်္ကျားကို သေခိုင်းပြီး ဇတ်လမ်းထဲမှာ ကြမ်းပြင်မှာ လူးလိမ့်ငိုပြတဲ့
The Lady ဇတ်ကားကတော့ ကမ္ဘာကျော်သွားပါတယ်။
ပထမ ပစ်မှတ် မိုက်ကယ်အဲရစ် က
ဂွေးစေ့ကင်ဆာနဲ့ သေတယ် ပြောပြီး ဒုတိယ ပစ်မှတ်ဖြစ်လာတဲ့
အလက်စန္ဒားအဲရစ်ကိုလည်း ရောဂါတစ်ခုပြပြီး ထိန်းသိမ်းထားပါတယ်။ ဖခင်လို
ဂွေးစိကင်ဆာတော့ မဟုတ်ပြန်ပါဘူး။ မီဒီယာတွေနဲ့လည်း တွေ့ဆုံခွင့်မပေးသလို
သူ့အကြောင်းကိုလည်း လူသိရှင်ကြား ပွင့်လင်းမြင်သာစွာ ပြောဆိုတာ မရှိပါဘူး။
အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ၎င်း တို့ရက် မဟာဗျူဟာ ကျတဲ့
စီမံချက်တွေအောင်မြင်ဖို့ လူတွေကို ဆေးထိုးသတ်လေ့ရှိတဲ့အကြောင်း ကနေဒီ ကို
သာဓက ထားပြီး ကျူးဘားပညာရှင်တွေကထောက်ပြ ကြပါတယ်။ အခုနောက်ဆုံး
သူတို့တွေရဲ့ မဟာဗျူဟာအောင်မြင်ဖို့အတွက် စစ်ရေးအတွေ့အကြုံ ဘာမှမရှိ၊
ပါတီတစ်ခုတောင် ခေါင်းဆောင်မှု ကောင်းကောင်း မပေးနိုင်တဲ့
ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန်စစ်တက္ကသိုလ်မှာ မိန့်ခွန်းပြောဖို့
စီစဉ်ပေးပါတယ်။ အားလုံးက သမားရိုးကျ မဟုတ်ပါဘူး။ ဒါပေမယ့် တစ်နေ့နေ့
အကွက်ရွှေ့စရာမရှိတော့ရင်တော့ အကြံအစဉ် တစိတ်တပိုင်းကို သိနေတဲ့
ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင်က နောက်ဆုံး ပစ်မှတ်အဖြစ်
ဆေးထိုးသတ်ခံရပါလိမ့်မယ်။ မိုက်ကယ်အဲရစ်ရဲ့ အလောင်းကို ပြန်ဖော်ပြီး
စစ်ဆေးဖို့ ဗြိတိန်ကို တောင်းဆိုကြည့်ပါ။ လုံးဝ (ဘယ်တော့မှ)
ခွင့်ပြုမှာမဟုတ်ပါဘူး။ ဒါက မရိုးသားမှုဆိုတာ မြန်မာပြည်သူအားလုံး
သတိပြုဖို့ သသိပေးလိုက်ပါတယ်။
Tuesday, October 22, 2013
Subscribe to:
Post Comments (Atom)






0 comments:
Post a Comment