Sunday, October 6, 2013

ပေးစာ- ၂၄၂ (စုစုနွေးကို မောင်းထုတ်ခြင်း)

သို့
        အခုရေးလိုက်တဲ့ စာကို မဖြစ်မနေ ဖော်ပြပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျား။
ဟိုတစ်လော မကြာသေးတဲ့ ကာလ က NLD ၂၅ နှစ်မြောက် နှစ်ပတ်လည် ကျင်းပခဲ့တာ အားလုံး လည်း အသိပဲဖြစ်မယ်။ မွေးနေ့ ၊နှစ်ပတ်လည် ၊ဈေးရောင်းပွဲတော်တွေ၊ ဆွယ်တာ လေလံတင်တာတွေ၊ ဘာနေ့ ညာနေ့ တွေ လုပ်တာဟာ NLD  မိရိုးဖလာပဲမို့ ဘာမှ အထူးပြောစရာ မရှိပေမယ့် ပြောစရာ ရှိတဲ့ တစ်ခု က အဖွဲ့ဝင်ဟောင်း မစုစုနွေးကို အခမ်းအနား က တားဆီး မောင်းထုတ်ခဲ့တာပဲ ဖြစ်ပါတယ်။ 
ဒီအပေါ်မှာလည်း သိလိုက်ကြားလိုက် ကြမယ့်သူတွေရှိသလို  ၊ မသိလိုက် မကြားလိုက်တဲ့ သူတွေ လည်း ရှိမယ်။ ဖြစ်ပျက်ပုံ နဲ့ ခံစားချက်တွေ မစုစုနွေးရဲ့ Facebook စာမျက်နှာမှာ ရင်ဖွင့်ထားတာ တွေ့ရတော့ တစ်ချိန်က အခက်အခဲတွေကြားမှာ လက်တွဲခဲ့တဲ့ သူချင်းမို့ သူ့အတွက် ကိုယ်ပါ ခံစားရတယ်။ စဉ်းစားကြည့်လေ ရဲဘော်ရဲဘက်တွေ နဲ့ တွေ့ရမယ် ၊ မိတ်ဟောင်းတွေဟောင်းတွေ နဲ့ တွေ့ရမယ်ဆိုတဲ့ လာခဲ့တဲ့ မစုစုနွေး ၊  အခုလို လူတွေ ပိတ်ပြီး တားခံလိုက်ရတော့ သူအနေနဲ့ ဘယ်လို ခံစားရမလဲ။
သူ့စိတ်ထဲမှာ ဘယ်လောက်နာကျင် ခံစား နေရပြီး ဘယ်လောက်ထိ ရှက်သွားမလဲဆိုတာ ဘယ်သူ မှ မြင်နိုင်မှာ မဟုတ်ဘူး ။ကိုယ်က ယုံကြည်ချက် အပြည့်နဲ့ အားကျိုးမာန်တက် ချီတက်လာခဲ့ပေမယ့် အ၀င်ဝ မှာ ဖနောင့်နဲ့ဆောင့်ကန် ခံလိုက်ရလိုမျိုး ၊ ကိုယ်က ယုံယုံကြည်ကြည်နဲ့ “အမေလို”့…ခေါ်ပြီး ပြေးအဖက် ၊အမေလုပ်တဲ့သူက”ညည်းငါ့သမီးမဟုတ်ဘူး”..ဆိုတဲ့ တုံ့ပြန်မှု ခံလိုက်ရတဲ့ကလေး ငယ်လို မစုစုနွေးတစ်ယောက် ခံစားလိုက်ရမယ်ဆိုတာ မေးမကြည့်ပေမယ့်တွေးကြည့်တာနဲ့သိနိုင်ပါတယ်။ဒါတောင် မစုစုနွေးက အဲ့နေ့က သူကြုံတွေ့ခဲ့ရတာကို နည်းနည်းလေး ပဲ ရေးထားတာ ၊ အဖွဲ့သံယောဇဉ်နဲ့ အခြားအကြောင်းအရာတွေ ပါပြောရင် လူထုက NLD ကို ရွံသွားမှာဆိုးလို့ဆိုတဲ့မှတ်ချက်လည်းပေးထားတာကိုတွေ့ရပါတယ်။
        ဒီနေ့ အောက်တိုဘာ ၁ ရက်နေ့မှာတော့ NLD က ပြန်ကြားရေး တာဝန်ခံတစ်ဦးဖြစ်တဲ့ ဦးကြည်တိုးကသူရဲ့ Facebook စာမျက်နှာမှာ မစုစုနွေး ကြုံခဲ့တဲ့ အဖြစ်အပျက်ကို  တိုးတိုး တိတ်တိတ်လေးရှင်းပြသလို ရေးထားတာတွေ့ရပါတယ်။သူ့ရဲ့ Facebook စာမျက်နှာရဲ့ ဖြေရှင်းချက်ထဲမှာတော့ ဒီချုပ် အခမ်းအနား လုပ်တဲ့ နေရာက အခန်းကျဉ်းလို့ဆိုတဲ့ ဖြေရှင်းနှစ်သိမ့်တာလောက်ကိုတော့  မစုစုနွေး မပြောနဲ့  ဆယ်တန်းကလေးတောင် ရယ်မိမယ်ထင်ပါရဲ့ ။လူ ၅၀၀ နီးပါး တက်တဲ့ ပွဲမှာ မစုစုနွေး တစ်ယောက်ထဲ ကို လူတန်းကြီးနဲ့ တားပြီး ၀င်ခွင့်မပြုတာဟာ အခန်းကျဉ်းလို့ပါဆိုတာ ကို မစုစုနွေးက ကော ယုံရအောင် ကလေးလား ဗျာ။ နောက်တစ်ချက် မေးချင်တာ က အခန်းက တကယ်ကျဉ်းလို့ပါဆို လည်း ဒီလိုကြီး တရားခံ တားဆီးသလို  သတ္တ၀ါ မောင်း မောင်းသလို လူတန်းကြီးတွေ နဲ့ လက်တွေ တွဲပြီး တားရလောက်အောင် မစုစုနွေးက  လူလို ပြောရင် မရလို့လား လို့မေးချင်တယ်။
လူအခွင့်အရေး ဆိုတဲ့  Human Rights ကို ခေါင်းရွက်ဗျက်ထိုး ရပ်ကျော် ရွာကျော် အော်နေတဲ့သူတွေက လူတစ်ယောက် ရဲ့ အခွင့်အရေးကို ပိတ်ပင်တာဟာ ရဲဘော်အချင်းချင်း မေ့တဲ့အပြင်၊NLD ကို ပုခုံးထမ်းတင်ပေးခဲ့တဲ့ရဲဘော် ဟောင်းတွေကို အဖွဲ့ဝင်တွေက မသိလို့ပါ ဆိုတာမျိုးကို နားလည်ပေးနိုင်ပေမယ့်..ဒါဟာ  ပွဲမှာ နှုတ်မဆက်တာရည်ညွှန်းနေကြတာမဟုတ်ပဲခွေးမောင်းမောင်းထုတ်တာရင်နာလို့မဆုံးဖြစ်ခဲ့ရတာပါပဲဗျာ။

0 comments:

Post a Comment

 
Twitter Bird Gadget