ဗိုလ်ချုပ်အောင်ဆန်းပုံ
အသုံးပြုပြီး ဆန္ဒပြရင် အရေးယူမယ့်ပုဒ်မပါဝင်တဲ့ ဥပဒေကြမ်းကို အောက်တိုဘာ ၂
ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
၁၉၅၄
ခုနှစ် နိုင်ငံတော် အထိမ်းအမှတ်များ (ဆင်ယင်ပြသမှု ကန့်သတ်ရေး) အက်ဥပဒေကို
ပြင်ဆင်တဲ့ ဥပဒေကြမ်းမှာ အမျိုးသားခေါင်းဆောင်
ဗိုလ်ချုပ်အောင်ဆန်းရဲ့ပုံကို ဆန္ဒပြရာမှာ အသုံးပြုရင် အရေးယူမယ့်
ပုဒ်မအပါအဝင် ပုဒ်မ ၁၀ ခုပါ ဥပဒေကြမ်းကို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
ရွှေပြည်သာမြို့နယ်
ပြည်သူ့လွှတ်တော်အမတ် ဦးတင်မောင်ဦးက ၁၉၅၄ ခုနှစ် နိုင်ငံတော်
အထိမ်းအမှတ်များ (ဆင်ယင်ပြသမှု ကန့်သတ်ရေး) အက်ဥပဒေကို
ပြင်ဆင်တဲ့ဥပဒေကြမ်းကို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
အဲဒီဥပဒေကြမ်းမှာ
ဗိုလ်ချုပ်အောင်ဆန်းပုံကို ဆန္ဒပြတဲ့နေရာတွေမှာ သုံးစွဲရင် တရားဝင်
အသင်းအဖွဲ့မဟုတ်တဲ့ အခြားသူ ဖြစ်ရင် ထောင်ဒဏ် ၁ နှစ်ဖြစ်စေ၊ ကျပ်ငွေ ၅
သောင်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ် ၂ ရပ်လုံးဖြစ်စေ
ချမှတ်ခြင်းခံရမှာဖြစ်ပြီး တရားဝင် အသင်းအဖွဲ့ ဖြစ်ရင်တော့ ငွေကျပ် ၁
သိန်းထက် မပိုသောငွေဒဏ် ချမှတ်ခြင်း ခံရမယ်လို့ ပါရှိပါတယ်။






0 comments:
Post a Comment