Tuesday, October 15, 2013

မန္တလေး ဗုံးဖောက်ခွဲမှု သံသယ ရှိသူ မလေးရှားပြန် အမျိုးသား (၃) ဦး နှင့် အမျိုးသမီးတစ်ဦး ဖမ်းဆီးရမိ


မန္တလေးလး ဗုံးဖောက်ခွဲမှု နှင့် ပတ်သက်သော သံသယ ရှိသူ လေးဦးအား ရွှေဘဲ စားသောက်ဆိုင်၏CCTV မှတ်တမ်းများ နှင့်ဆိုင်ဝန်ထမ်း မျက်မြင် သက်သေများ၏ ထွက်ဆိုချက်အရ ၁၄.၁၀.၂၀၁၃ ရက်နေ့  ညနေ ပိုင်းတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှ ဖမ်းဆီးထိန်းသိမ်း နိုင်ခဲ့ပါသည်။

သံသယ ရှိသူ များမှာအမျိုးသား သုံးဦး နှင့် အမျိုးသမီး တစ် ဦး ဖြစ်ပြီးတစ်ဦးမှာ မလေးရှားတွင် အလုပ် လုပ်ခဲ့ ပြီး ပြန်လာသော မြန်မာနိုင်ငံသားတစ်ဦးနှင့် ၎င်း ၏ ယောက်ဖ ကားဒရိုင်ဘာ တစ်ဦး နှင့် ကျန် ကျား ၊ မ နှစ်ဦးမှာ နိုင်ငံခြားသားများ ဖြစ်ပါသည်။

တရားခံ များအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှ ဆက်လက် စစ်ဆေးလျက် ရှိပါသည်။

0 comments:

Post a Comment

 
Twitter Bird Gadget