Saturday, October 12, 2013

ရန်ကုန် စင်္ကာပူနဲ့ ဘယ်တော့တူမှာလဲ..?? ကားတွေ ပြိုင်မမောင်းတော့ရင်၊ တစ်ဖက်ယာဉ်ကြောကို ကျော်မမောင်းတော့ရင် တူလာပါလိမ့်မယ်..

တစ်ဖက်ယာဉ်ကြောသို့ ကျော်ကာ စည်းကမ်းမဲ့ မောင်းနှင်နေသည့် မော်တော်ယာဉ်များ အပါအ၀င် စည်းကမ်း ဖောက်ဖျက်သည့် မော်တော်ယာဉ်များကို ထောင်ဒဏ်ချမှတ် သည်အထိ အရေးယူသွားမည့် အစီအစဉ်ကို အများပြည်သူသို့ အသိပေး ကြေညာချက်များ ထုတ်ပြန်သွားပြီး မကြာမီတွင် အရေးယူမှု စတင်တော့မည် ဖြစ်ကြောင်း ယာဉ်ထိန်း တပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

စည်းကမ်း ဖောက်ဖျက်သည့် မော်တော်ယာဉ်များကို ထိရောက်စွာ အရေးယူနိုင်ရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီသို့ တင်ပြထားကြောင်း သိရသည်။

စည်းကမ်းမဲ့ မောင်းနှင်မှုများနှင့် ပတ်သက်၍ ''ယာဉ်မောင်းတွေအပြင် ယာဉ်ပိုင်ရှင်တွေ ကိုလည်း ထိရောက်စွာ အရေးယူသွားမှာပါ။ စီမံချက် ဒဏ်ငွေတွေ ရိုက်ပြီးတော့ အရေးယူ ပေမယ့်လည်း လိုက်နာမှုတွေ အားနည်းနေတယ်။ ဒါကြောင့် စည်းကမ်းဖောက်တဲ့ ယာဉ်မောင်းတွေကို ထောင်ဒဏ် ပြစ်ဒဏ်ထိ အရေးယူဖို့ အတွက် တာဝန်ရှိသူ အဆင့်ဆင့်ကို တင်ပြထားတယ်။ ဘယ်လို အရေးယူမယ် ဆိုတာကိုလည်း အများပြည်သူကို အသိပေး ကြေညာသွားမယ်။ ပြီးတာနဲ့ ထောင်ဒဏ်ပြစ်ဒဏ်ကို စတင် အရေးယူ သွားပါမယ်'' ဟု ယာဉ်ထိန်းတပ်ဖွဲ့ ခွဲမှူးရုံး (ရန်ကုန်)မှ ရဲမှူးသာဌေးက ပြောကြားသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း လစဉ်စည်းကမ်းမဲ့ မောင်းနှင်နေသည့် ယာဉ်အစီးရေ ၁၅၀၀၀ ၀န်းကျင်ကို အရေးယူနေရပြီး အောက်တိုဘာ ၁ ရက်မှ စတင်၍ စီမံချက် ဒဏ်ငွေဖြင့် အရေးယူမှုကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွေးထံမှ သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း လစဉ်စည်းကမ်း ဖောက်ဖျက်မှုကြောင့် အရေးယူခဲ့ရသည့် ယာဉ်အများစုမှာ တစ်ဖက်ယာဉ်ကြောသို့ ကျော်ကာ မောင်းနှင်နေခြင်း၊ ဖြူနီကျားတွင် ယာဉ်ရပ်ခြင်း၊ မှတ်တိုင်ကျော်ရပ်ခြင်း၊ အပြိုင်အဆိုင် မောင်းနှင်ခြင်း၊ မီးပွိုင့်အနီဖြတ်ခြင်း၊ မှတ်တိုင်မဟုတ်ဘဲ ခရီးသည် အတင်အချလုပ်ခြင်း၊ တံခါးဖွင့် မောင်းနှင်ခြင်း စသည့်ဖြစ်စဉ်များကို ကျူးလွန်ခဲ့ကြောင်း သိရသည်။

(သြဂုတ်လအတွင်း တာမွေမြို့နယ်၌ တစ်ဖက်ယာဉ်ကြောသို့ ကျော်တက် မောင်းနှင်နေသည့် ခရီးသည်တင် ယာဉ်တစ်စီးကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်))

Photo: (ဓာတ်ပုံ-ဝေလင်းအောင်))

0 comments:

Post a Comment

 
Twitter Bird Gadget