Friday, October 18, 2013

အမြန်လမ်းတွင် အမျိုးသမီးအလောင်း တစ်လောင်းတွေ့ရှိ


ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင်တိုင်အမှတ် (၁၁၉)မိုင်၊၄/၅ဖာလုံတွင် (၁၈.၁၀.၂၀၁၃)နေ့ နံနက်(၆း၃၀)အချိန်ခန့်က အမျိုးသမီး လူသေအလောင်း တစ်လောင်းကို ဦးခင်မောင်မြင့်(၄၂)နှစ်၊(ဘ)ဦးပုစိန်၊ ကျွန်းစိုက်ခင်း အလုပ်သမား  ဖြူးမြို့ နယ် ပြောင်သေကျေးရွာ၊ နေသူက တွေ့ ရှိခဲ့ပါသည်။ 

ဦးခင်မောင်မြင့်မှ နံနက်(၇း၀၀)အချိန်တွင် ဖြူးအမြန်လမ်း ရဲစခန်းသို့အကြောင်း ကြားခဲ့ရာ စခန်းမှ စခန်းမှူးဝင်းထွဋ်အောင်၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်သူရစိုးနှင့်အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ရာ အသက်(၃၀)ခန့် ရှိ အမျိုးသမီးတစ်ဦး ဖြစ်နေသည်ကို တွေ့ ရှိရသည်။

အဆိုပါ သေဆုံးနေသူ အမျိုးသမီးသည် မြို့သူပုံစံဝတ်စားထားပြီး၊ ရင်ညွှန့်ထိုးသွင်း ဒဏ်ရာတစ်ချက်၊၀ဲလက်မောင်း ထိုးသွင်းဒဏ်ရာ တစ်ချက်နှင့် ပုတ်ပွနေသည်ကို တွေ့ရှိခဲ့ရာ ဖြူးမြို့နယ် ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ဖြူးအမြန်လမ်း ရဲစခန်းမှ (ပ)၃၄/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂အရ အမှုဖွင့်အရေးယူထားပြီး တရားခံအား စုံစမ်းဖော်ထုတ်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

 
Twitter Bird Gadget