Friday, October 18, 2013

ဦးအောင်မင်း နှင့် MPC ကျေးဇူးကြောင့် ချီဖွေ ရေအားလျှပ်စစ်စီမံကိန်း စမ်းသပ်လည်ပတ်ပြီ

From : .. the voice

နှစ်ဖက်တိုက်ပွဲကြောင့် လည်ပတ်မှုမပြုရသေး သော ချီဖွေရေအားလျှပ် စစ်စီမံကိန်းကို ယခုစတင် စမ်း သပ်လည်ပတ်နေပြီဟု လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ဦးဆော င်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းကပြောသည်။

ချီဖွေရေအားလျှပ်စစ် စီမံကိန်းသည် ၂ဝဝ၈ ခုနှစ် တွင် တရုတ်ကုမ္ပဏီက တည်ဆောက်ခဲ့ပြီး ၂ဝ၁၁ ခုနှစ် တွင် ပြီးစီးခဲ့သော်လည်း ထိုနှစ်ကတည်းက လည်ပတ်မှုကို တိုက်ပွဲများကြောင့် ရပ်ခဲ့သည်။

တိုက်ပွဲများဂယက်ကြောင့် ချီဖွေလည်ပတ်ရန် အစိတ်အပိုင်းအချို့ ပျက်စီးမှုရှိခဲ့ ရာ ထိုပျက်စီးအစိတ် အပိုင်းများကို အစားထိုးထည့်သွင်းခြင်းများ ပြုလုပ်ခဲ့ပြီး ၍ လည် ပတ်ခြင်းဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနမှ သိရသည်။

ဧရာဝတီမြစ်အတွင်းသို့ စီးဝင်ရာမြစ်လက်တက် တစ်ခုဖြစ်သော ချီဖွေတွင် တည်ဆောက်ထားသော အဆို ပါရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတွင် တစ်လုံးလျှင် ၃၃ မဂ္ဂဝပ်ထွက်ရှိသော စက်သုံးလုံးတပ်ဆင်ထားသည် ဟု သိရသည်။

ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ချီဖွေစက်ရုံမှ လျှပ်စစ်ဓာတ် အား မဟာဓာတ်အားလိုင်း များဆီသို့ ဖြန့်ဖြူးမှုကို မကြာမီစတင်နိုင်တော့ မည်ဟု Popular News သို့ ပြောသည်။

”ကျွန်တော်တို့ မြစ်ကြီးနားကိုပဲ ဓာတ်အားပို့လွှတ် မှာပါ။ အဲဒီကနေမှ ထပ်ခွဲသွားမယ်”ဟု ၄င်းက ဆက် ပြောသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ကလည်း ချီဖွေမှ ထွက် ရှိလာမည့် ဓာတ်အား ကို ပြည်နယ်အတွက် အသုံးပြုနိုင် မည့်အခွင့်အရေးဖြစ်၍ ကြိုဆိုကြောင်း ပြောသည်။

ဧရာဝတီမြစ်ညာဒေသ၌ ဓာတ်အားပေးစက်ရုံ ၇ ရုံခန့်တည်ဆောက်နေမှု ရှိနေရာ ချီဖွေမှာ ထိုအထဲမှ ပထမ ဦးဆုံးလည်ပတ်နိုင်သည့်စက်ရုံ တစ်ရုံ ဖြစ်လာခဲ့သည်။

0 comments:

Post a Comment

 
Twitter Bird Gadget