Wednesday, October 30, 2013

မြန်မာတစ်နိုင်ငံလုံး WiFi အင်တာနက်လိုင်း ရရှိစေရေး ဆောင်ရွက်မည်





မြန်မာ့ဆက်သွယ်ရေးလုပ်ငန်အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် WiFi အင်တာနက်လိုင်းရရှိရေး  အကျိုးတူလုပ်ငန်းများ လုပ်ကိုင်၍ ကြိုးပမ်းသွားမည်ဟု မြန်မာ့ဆက်သွယ်ရေးသတင်းအချက်အလက်နှင့် နည်းပညာဌာနမှ သိရှိရသည်။

WiFi အင်တာနက်လိုင်းဝန်ဆောင်မူလုပ်ငန်းအောင်အောင်မြင်မြင်လုပ်ဆောင်နိုင်ရေး အကျိုးတူပူးပေါင်း လုပ်ဆောင်မည့် ပြည်တွင်းပြည်ပကုမ္ပဏီများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တင်ဒါဖိတ်ခေါ်ထားကြောင်း သိရသည်။

 တစ်နိုင်ငံလုံးအတိုင်းအတာရရှိအောင် လုပ်သွားမှာပါ၊ ပူးပေါင်းလုပ်ဆောင်မယ့် ကုမ္ပဏီတွေ ဖိတ်ခေါ်ထားတယ်၊ သူတို့ လုပ်ကိုင်မယ့်နေရတွေကို တင်ပြရမှာဖြစ်တယ်၊ ” ဟု မြန်မာ့ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

WiFi ဇုန်များအား ကနဦးအနေဖြင့် အင်တာနက်သုံးစွဲမူများသော မြို့များ၌ ထားရှိသွားမည်ဖြစ်ပြီး ဆက်လက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ထပ်မံတိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပြည်တွင်းတွင် လက်ရှိဝန်ဆောင်မှုပေးနေသော အင်တာနက်လိုင်းများမှာ ဖိုက်ဘာအင်တာနက်လိုင်း၊ADSL အင်တာနက်လိုင်း၊ Dial-up၊ E1၊ မိုဘိုင်းအင်တာနက်နှင့် ဝေးလံခေါင်းပါးသည့် နေရာများ၌ အသုံးပြုသည့် ဂြိုဟ်တုအင်တာနက်လိုင်းများဖြစ်သည်။

ပြည်တွင်း၌ အင်တာနက်အသုံးပြုသူမှာ ၁၃ သိန်းခန့်ရှိပြီး မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုသူ အရေအတွက်မှာ လူဦးရေ ၁၁ သိန်းခန့်ရှိသည်ဟု သိရှိရသည်။ လက်ရှိ မြန်မာ့နိုင်ငံ၌ အင်တာနက်မြန်နှုန်း 11.5GBPS သာ အသုံးပြုနိုင်သေးသည်။

မြန်မာနိုင်ငံ၌ အင်တာနက် အသုံးပြုဦးရေသည် ၆ သိန်းကျော်ရှိသည်ဟု ၂၀၁၂ ခုနှစ်အတွင်း ရတနာပုံ တယ်လီပို့မှ ခန့်မှန်း ထားရှိခဲ့သော်လည်း၊ ရန်ကုန်မြို့တွင် ၂၀၁၅-၂၀၁၆ ခုနှစ် အရောက်၌ အင်တာနက် အသုံးပြုသူအရေအတွက် ၂.၅ သန်းသို့ ရောက်ရှိလာလိမ့်မည်ဟု မြန်မာ့ဆက်သွယ်ရေးမှ ခန့်မှန်းထားသည်။

အင်တာနက်မြန်နှုန်းတိုးမြှင့်ခြင်းကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ဂျပန်နိုင်ငံ NTT Communications တို့ဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

0 comments:

Post a Comment

 
Twitter Bird Gadget