
ရန်ကုန် ၊ နိုဝင်ဘာ ၁၀ ။ ။ နယ်စပ် များတွင် တာဝန်ထမ်းဆောင် နေ သည့်ရဲတပ်ဖွဲ့ဝန်ထမ်းများ ကိုနည်းပညာမြင့်လက်နက်များတပ်ဆင်ပေးတော့ မည်ဖြစ်ကြောင်း နိုင် ငံဖြတ်ကျော်မှုခင်း ဌာနမှ သိ ရသည်။
ယင်းကဲ့သို့နည်းပညာ မြင့်လက်နက်များတပ်ဆင်ပေး ရ ခြင်းမှာ တချို့အရပ်ဒေသများတွင်ရဲတပ်ဖွဲ့ဝင်များအနေဖြင့်အရေးပေါ်အခြေအနေကြုံလာပါကကာကွယ်နိုင်မည့်လက်နက်များမှာ ဟောင်းနွမ်းပျက်စီးနေ သောကြောင့်ယင်းကဲ့သို့အစားထိုးလက်နက်များတပ်ဆင်ပေးရန်စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံဖြတ်ကျော်မှုခင်းဌာနမှတာဝန်ရှိသူတစ်ဦးက''အဆင့် မြင့်လက်နက်ဆိုတာ အာဆီယံရဲတပ်ဖွဲ့တွေမှာသုံးနေတဲ့နည်းပညာမြင့်လက်နက်တွေကိုပြော
တာပါ။ သေနတ်မှာ ညကြည့်မှန် ပြောင်းပါမယ်။ အဝေးကြည့်၊ အနီးကြည့်နဲ့
ရန်သူရဲ့လှုပ်ရှားမှု တွေကို အနီးကပ်ပစ်ခတ်နိုင်တဲ့ စနစ်တွေပါတယ်။
အမျိုးမျိုး ပေါ့။ ဝယ်ယူထားပြီးပါပြီ။ ဥရောပ နိုင်ငံတစ်ခုကပါ''ဟု ပြောသည်။
မြန်မာနိုင်ငံရှိ နယ်စပ်ဒေသ များတွင် နယ်ခြားစောင့်သည့် ရဲတပ်ဖွဲ့ဝင်များကို လက်နက်များအဆင့်မြင့်တပ်ဆင်ပေးမည့်အ ပြင်စီစီတီဗွီကင်မရာများကိုလည်း တပ်ဆင်ထားပြီဖြစ်ကြောင်း သိ ရသည်။
နိုင်ငံတော်လုံခြုံရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနက ကျပ် ခြောက်ဘီလီယံ တန်ဖိုးရှိနည်းပညာမြင့်ပစ္စည်းများ ကိုဝယ်ယူ နေပြီဖြစ်ကြောင်း သိရသည်။
0 comments:
Post a Comment