From :
..the voice
ဘရာဇီးနိုင်ငံတွင် ကျင်းပမည့် ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ဖွင့်ပွဲ
အခမ်းအနားတွင် မြန်မာ့ရိုးရာခြင်းလုံးကို သရုပ်ပြ ကစားပေးရန် ဖိတ်ခေါ်မည်ဟု
ဖွင့်ပွဲ ကျင်းပရေး တာဝန်ယူထားသည့် Panorama အဖွဲ့က ပြောကြားခဲ့ကြောင်း
မြန်မာနိုင်ငံ ရိုးရာခြင်းလုံး အဖွဲ့ချုပ် အတွင်းရေးမှူး ဦးရဲအောင်က
ပြောကြားသည်။
မြန်မာနိုင်ငံ
ရိုးရာခြင်းလုံးအဖွဲ့ချုပ်ကို ဘရာဇီးနိုင်ငံက တရားဝင် ဖိတ်ကြားထားခြင်း
မရှိသေးသော်လည်း ဖိတ်ကြားခဲ့ပါက လက်ခံသွားမည် ဖြစ်ကြောင်း၊ SEA Games
ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် လက်ရွေးစင် ကစားသမားများနှင့် သွားရောက်
ဖျော်ဖြေရန် စီစဉ်ထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
မြန်မာ့ရိုးရာခြင်းလုံး အနေဖြင့် ကမ္ဘာ့အဆင့်သို့ ထိုးဖောက်ရန်
ပြင်ဆင်နေချိန်တွင် ယင်းသို့ သွားရောက်ဖျော်ဖြေခွင့် ရရှိခဲ့ခြင်းသည်
တစ်ကမ္ဘာလုံးကို ပြသနိုင်မည့် အခွင့်အရေးကောင်း တစ်ခုဖြစ်သည်ဟု ၎င်းကဆိုသည်။
ယင်းပြိုင်ပွဲ၏ ဖွင့်ပွဲ အခမ်းအနားတွင် မြန်မာ့ရိုးရာခြင်းလုံးကို
ထည့်သွင်း ပြသရန် ဘရာဇီးရုပ်သံ တစ်ခုဖြစ်သည့် Global Net-work အဖွဲ့သည်
ဇူလိုင်လအတွင်းက မြန်မာနိုင်ငံသို့ လာရောက် ခဲ့ကြောင်း၊ ခြင်းလုံး
ထုတ်လုပ်ပုံမှစ၍ မြန်မာ့ရိုးရာ ခြင်းလုံးကစားပုံ အကြောင်းကို
မန္တလေးမြို့တွင် တစ်ပတ်ခန့် လာရောက် ရိုက်ကူးခဲ့ပြီး ဝါဆို
ခြင်းလုံးပွဲတော် ကျင်းပပုံကိုလည်း ရိုက်ကူးသွားကြောင်း မြန်မာနိုင်ငံ
ခြင်းလုံးအဖွဲ့ချုပ်မှ နည်းပြတစ်ဦးက ဖြည့်စွက် ပြောကြားသည်။
အကြိမ် (၂၀) မြောက် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဘရာဇီးနိုင်ငံက ဒုတိယအကြိမ်
မြောက်အိမ်ရှင် နိုင်ငံအဖြစ် ကျင်းပမည်ဖြစ်ရာ ဖွင့်ပွဲ အခမ်းအနားတွင်
မြန်မာ၊ ထိုင်း၊ ဂျာမနီ၊ အိုင်ယာလန်၊ ဘယ်ဂျီယံနိုင်ငံတို့မှ
ရိုးရာအားကစားနည်းများကို ထည့်သွင်း ဖျော်ဖြေမည် ဖြစ်သည်။
မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်ကို ၁၉၅၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး
ယင်း အချိန်မှစ၍ ပြည်ပနိုင်ငံများတွင် သရုပ်ပြပွဲများ ကစားခဲ့ဖူးသည်။
Monday, November 4, 2013
Subscribe to:
Post Comments (Atom)







0 comments:
Post a Comment