Monday, November 25, 2013
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့နယ်တွင် မူးယစ်ဆေးဝါး ကာလတန်ဖိုးငွေကျပ် ၆၂၂၇၅ သိန်းဖိုးနှင့် လက်နက်ခဲယမ်းဖမ်းဆီးရမိ
ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးများပပျောက်ရေးအတွက် စီမံချက်ချမှတ် အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိပြီး ပြည်သူများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုကြောင့် နေ့စဉ် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိလျက်ရှိရာ ၂၃.၁၁.၂၀၁၃ ရက်နေ့ ၁၉၃၀ အချိန် ခမရ(၁၂၅)မှ တပ်ရင်းမှူး ဦးစီးတပ်ဖွဲ့ဝင်များ၊ မူးယစ်တပ်ဖွဲ့စု(၁၀၁)နေပြည်တော်မှ ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သိန်းနီမြို့နယ်၊ စယ်အူရွာအနီး သိန်းနီ-ကွမ်းလုံသွားကားလမ်းတွင် သတင်းအရ ပိတ်ဆို့ရှာဖွေနေစဉ် ကိုအောင်(ခ) လောက်အယ် မောင်းနှင်လာသော အစိမ်းရောင်လင်ခရူဇာအား ရပ်တန့်ရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၃၄ထုပ်၊ အလေးချိန် ၁၁.၉ ကီလိုခန့်(ကာလတန်ဖိုးငွေကျပ် ၂၂၆၁ သိန်း)၊ ဘိန်းညို ၃၀ ထုပ်၊ အလေးချိန် ၃၃.၄ ကီလိုခန့်၊ (ကာလတန်ဖိုးငွေကျပ် ၃၀၀၆ သိန်း)၊ ဘိန်းစိမ်း ၀.၅ ကီလို(ကာလတန်ဖိုးငွေကျပ် ၄ သိန်း) ဘိန်းဆီခဲ ၀.၉ ကီလို(ကာလတန်ဖိုးငွေကျပ် ၁၃.၅ သိန်း)၊ စုစုပေါင်း မူးယစ်ဆေးဝါးတန်ဖိုးငွေကျပ် ၅၂၈၄.၅ သိန်းဖိုးနှင့် AK-47 သေနတ် ၁ လက်၊ ၎င်းကျည် ၁၅ တောင့်နှင့် ပွိုင့် 22 သေနတ် ၁ လက်၊ ၎င်းကျည် ၁၅ တောင့်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး အဆိုပါမူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများအား ကွတ်ခိုင်မြို့နယ်နေ မာနော် ထံပို့ပေးရမည်ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် လားရှိုးမြို့မရဲစခန်း မယ(ပ)၁၈၁/၁၃၊ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၂(ခ)ဖြင့် အမှုဖွင့် အရေးယူထားရှိကြောင်း။
ဆက်လက်၍ ပူးပေါင်းအဖွဲ့သည် ၂၃၀၀ အချိန် သိန်းနီမြို့နယ်၊ နားနွဲ့ကျေးရွာ၊ စယ်အူ-နမ့်ခိုက်ရွာ သွားကားလမ်းတွင် သတင်းအရ ပိတ်ဆို့ရှာဖွေနေစဉ် ယာဉ်မောင်း ရော်ဆင်း၊ ၃၄နှစ်မောင်းနှင်ပြီး ကျန်းကွမ်းလင်၊ အားဖာ(ခ)ကျော်ထွန်းနှင့် နော်ဂျာတို့ လိုက်ပါလာသည့် ၅ဂ/၉၀၃၃ တိုယိုတာ ဖိုးဝှီးအနက်ရောင်ယာဉ်အား ရပ်တန့်ရှာဖွေရာ ယာဉ်၏နောက်ခန်းအတွင်းမှ Coldifed စာတမ်းပါ ၁ ကတ် လျှင် ၁၀ ပြားစီပါ ၂၅ကတ်ထည့်ထားသော စက္ကူဗူးငယ် ၁၃၀ ဗူး၊ ဆေးပြားပေါင်း ၃၂၅၀၀ ပြား၊ အဖြူရောင်ဆာလာအိတ်အတွင်းထည့်လျက် ၁ အိတ်လျှင် ဆူဒိုအက်ဖီဒရင်းဟု ယူဆရသောဆေးပြား ၄၅၁၅၀၀ ပြား(ကာလတန်ဖိုးငွေကျပ် ၉၀၃ သိန်း)၊ ဆူဒိုအက်ဖီဒရင်း ဆေးပြားအကြေမှုန့် ၂ ကီလိုခန့်(ကာလတန်ဖိုးငွေကျပ် ၄၀ သိန်း)၊ ပွိုင့် 20 ပစ္စတိုသေနတ် ၂ လက်၊ ၎င်းကျည် ၁၄ တောင့်၊ M 22 သေနတ် ၂လက်၊ ၎င်းကျည် ၅၆ တောင့် တို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် လားရှိုးမြို့မရဲစခန်း မယ(ပ)၁၈၂/၁၃၊ မူးစိတ်ပုဒ်မ ၁၅/၁၆(ခ)/၂၂(ခ)/၂၁ ဖြင့် အရေးယူစစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိပါသည်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment