Monday, November 11, 2013

မူးယစ်ဆေးဝါးမှောင်ခို လေးဦး အသေဖမ်းမိ


ချင်းမိုင် နိုဝင်ဘာ ၁၁။

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် မယ်အိုင်မြို့နယ် တာ့တွန့် ကျေးရွာအုပ်စု ဟွေ့ဆန်ကျေးရွာအနီး တောအုပ်ထဲတွင်
မြန်မာဖက်က ၀င်ရောက်လာ သည်ဟု ယူဆရသည် အမည်မသိ လက်နက်ကိုင် အဖွဲ့နှင့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မူးယစ်ဆေးဝါးများနှင့်အတူ လူလေးဦးကို အသေဖမ်းဆီး ရမိကြောင်း ချင်းမိုင်အခြေစိုက် သတင်းထောက်က သတင်းပေးပို့ထားသည်။

အမည်မသိ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့နှင့် နိဝင်ဘာလ ၉ရက်နေ့က ည၈နာရီခန့်က မိနစ်၂၀ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အလောင်းလေးလောင်း၊ လက်လုပ်မိုင်းတစ်လုံးနှင့် ကာလတန်ဖိုးဘတ် သန်း၂၀၀ခန့်တန်ဖိုးရှိ စိတ်ကြွဆေးပြား လေးသိန်းကို ကျောပိုးအိပ် လေးအိပ်ထဲကနေ သိမ်းဆည်း ရမိကြောင်း ရဲက ပြောကြားသည်။

တိုက်ပွဲဖြစ်ပွားသည့် နေရာသည် မြန်မာနိင်ငံဘက်ခြမ်း ကဆိုလျှင် ရှမ်းပြည်နယ် အရှေ့ခြမ်း နားယောင်း ကျေးရွာ အနီးတွင်ဖြစ်ပြီး အမည်မသိ လက်နက်ကိုင် အဖွဲ့သည် ၁၀ယောက်နှင့် ၈ယောက်ကြားတွင်ရှိကာ လက်နက်အပြည့် အစုံတပ်ဆင်ထားကြောင်း ထိုင်းစစ်တပ်အရာရှိ တစ်ဦးက ပြောကြားသည်။

“သူတို့ဝတ်စားထားတာက ၀ စစ်သားဝတ်စုံ ပုံစံအတိုင်း ၀တ်ထားကြတယ်၊ နောက်ပြီး စိတ်ကြွဆေးပြားထုတ်တွေ မှာလည်း ၀ တံဆိပ် ပုံစံလိုမျိုး သဏ္ဍာန်တူတဲ့ လိုကို တံဆိပ်မျိုး တွေ့ရတယ်”ဟု ထိုင်းစစ်တပ် အရာရှိတစ်ဦးက အမည်မသိ လက်နက်ကိုင်များနှင့် ပတ်သက်၍ မှတ်ချက်ပြု ပြောဆိုသည်။

0 comments:

Post a Comment

 
Twitter Bird Gadget