ပါလက်စတိုင်းခေါင်းဆောင်
ယာဆာအာရာဖတ်ဟာ ၂၀၀၄ ခုနှစ်မှာ ရေဒီယို သတ္တိကြွ ပိုလိုနီယမ် အဆိပ်ခပ်ခံရပြီး
သေဆုံးခဲ့တာလို့ ဆွစ်ဇာလန်နိုင်ငံက သေမှု သေခင်း စစ်ဆေးချက်တွေကို
ကိုးကားပြီး အာရာဖတ်ရဲ့ ဇနီးသည် ဆူဟာက နိုဝင်ဘာ ၆ ရက်က
ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
Photo by Reuters
အာရာဖတ်ရဲ့ ဇနီးက
“ဘယ်နိုင်ငံ ဘယ်ပုဂ္ဂိုလ်ကိုမှ မစွပ်စွဲပါဘူး။ ပါလက်စတိုင်း
လွတ်မြောက်ရေးအဖွဲ့ (ပီအယ်လ်အို)ရဲ့ သမိုင်းဝင်ခေါင်းဆောင်မှာ ရန်သူတွေ
အများကြီး ရှိတယ်ဆိုတာကို လက်ခံထားပါတယ်။ ဒါပေမယ့် အစ္စရေးနိုင်ငံဟာ
အာရာဖတ်ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အတားအဆီးအဖြစ်
သတ်မှတ်ထားခဲ့တယ်လို့” မှတ်ချက်ပေးပါတယ်။
တဖက်သတ် စွပ်စွဲချက်တွေလည်း ချက်ချင်းဆိုသလိုပဲ ပေါ်ထွက်လာပါတယ်။
ပါလက်စတိုင်း တော်တော်များများကတော့ အစ္စရေးကို စွပ်စွဲကြပါတယ်။ အစ္စရေး အစိုးရကတော့ အာရာဖတ်သေဆုံးမှုမှာ မပတ်သက်ဘူးလို့ ငြင်းဆိုထားပါတယ်။ သူဟာ အသက် ၇၅ နှစ်ရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်မှုပုံစံမျိုးလည်း မရှိဘူးလို့ မှတ်ချက်ပေးပါတယ်။
အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ရီဂယ်လ်ပါလ်မာက ဒီကိစ္စကို သိပ္ပံထက်စာရင် ဇာတ်လမ်း ပိုဆန်တယ်လို့ ပြောဆိုခဲ့ပါတယ်။






0 comments:
Post a Comment