ထိုင်းဘုရင့်မြေးတော် Sirivannavari မင်းသမီးသည် Chitralada ကျောင်းတွင် မူလတန်းနှင့် အလယ်တန်းကို တက်ရောက်ခဲ့ပြီး အထက်တန်းတွင် အနုပညာကို စိတ်ဝင်စားကာ အ၀တ်အစားဖက်ရှင်နှင့် အထည်ချုပ် ပညာတို့ကို ချူလာလောင်ကွန် တက္ကသိုလ်တွင် သင်ကြားကာ အားကစားကိုလည်း များစွာ စိတ်ဝင်စားသည်။ ထိုင်းနိုင်ငံ ကိုယ်စားပြု ကြက်တောင်အားကစားကို ၂၀၀၇ ခုနှစ် ထိုင်းနိုင်ငံ၌ ကျင်းပသော ၂၄ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည်။ …
ထိုင်းအိမ်ရှေ့မင်းသား Maha Vajiralongleorn ၏ သမီးတော်သည် ၁၉၈၇ ခုနှစ်၊ ဇန်န၀ါရီ ၈ ရက်နေ့တွင် မွေးဖွားပြီး ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်သည်။ မိဘများ ကွဲကွာသည့် နောက်ပိုင်းတွင် အမေ၊ အစ်ကို တို့နှင့်အတူ အင်္ဂလန် နိုင်ငံသို့ ပြောင်းရွှေ့ခဲ့ပြီး အဘိုးဘုရင် Bhumibol Adulyadej ၏ ရွေးချယ် တင်မြှောက်မှုဖြင့် ၂၀၀၅ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် တော်ဝင် မင်းသမီးအဖြစ် တင်မြှောက် ခံခဲ့ရသည်။ ၂၀၀၈ ခုနှစ်တွင် Forbes မဂ္ဂဇင်းက ထုတ်ပြန်ခဲ့သည့် 20 Hottest Young Royals စာရင်းတွင် အဆင့် ၁၆ နေရာတွင် ပါဝင်ခဲ့သည်။
0 comments:
Post a Comment