Sunday, November 10, 2013

နာမည်ကြီးနေသည့် ခွန်ဒီးယမ် အကောင့် Hack ခံရ






ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်သူဟု ယူဆရသည့် နာမည်ကြီး facebook အကောင့် တစ်ခု Hack ခံရ



မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် နီးစပ်သူဟု လူသိများပြီး ဒေါ်အောင်ဆန်းစုကြည် ၏ သတင်းအချို့ကို ဦးဆုံးထုတ်ပြန်နေသည့် ခွန်ဒီးယမ် ဟူသော... အကောင့်မှာ အောက်တိုဘာလ ၂၇ ရက်နေ့ ခန့်က Hack ခံထားရကြောင်း ၎င်း၏ Facebook အသစ်တွင် ကြေညာထားသည်။ အကာင့် Hack သူများကို တပ်မတော်သားများ နှင့် မိုးစက်ဝိုင် ဟု စွပ်စွဲထားပြီး အကောင့်ပြန်ရဖို့ အကူအညီတောင်းထားကာ မရနိုင်ပါက ဖျက်ဆီးပေးကြရန် ရေးသားထားသည်ကို တွေ့ရသည်။




ခွန်ဒီးယမ် ၏ ရေးသားချက်အပြည့်အစုံမှာ




"မိုးစက်ဝိုင် နဲ့ အပေါင်းအပါ.... ပြည်သူ့ပိုက်ဆံနဲ့ စားသောက်ကျောင်းတက်နေတဲ့ မသမာသူ စစ်ခွေးတွေ လက်ချက်ကြောင့် account ဘာမှလုပ်လို့မရတော့ဘူး.... ဒီးယမ်ရဲ့ fri တွေကိုတောင်းပန်ပါတယ်.... Facebook နဲ့ဆက်သွယ်ပြီး အကောင့်ပြန်ရအောင်လုပ်နေတာ ပြန်ရဖို့မသေချာတော့ဘူး.... လုပ်တတ်တဲ့လူတွေရှိရင် ကူညီပေးပါ.... မရတော့ဘူးဆိုရင်လဲ အရင်အကောင့်ကို ဝိုင်းပြီး Report လုပ်ပေးကြပါ.... သူငယ်ချင်းများအားလုံး ဒီအကောင့်ကို အပ်ပေးပါ....




ဘယ်လိုပဲ အောက်တန်းကျတဲ့နည်းလမ်းနဲ့ တိုက်ခိုက် တိုက်ခိုက် ရပ်တန့်မှာမဟုတ် ဘူး..."




ဟူ၍ https://www.facebook.com/tawwin.daund.1 တွင် ရေးသားထားသည်။

0 comments:

Post a Comment

 
Twitter Bird Gadget