Wednesday, November 13, 2013

OIC ကိုယ်စားလှယ်အဖွဲ့ ဦးသိန်းစိန် နှင့် တွေ့ဖို့ မသေချာသော်လည်း နိုဝင်ဘာ ၁၆ ရက်နေ့ ဒေါ်စုနှင့်တွေ့မှာ သေချာ





OIC အတွင်းရေးမှူးချုပ် ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့နဲ့ သမ္မတဦးသိန်းစိန် တွေ့ဆုံဖို့ ရှိမရှိဆိုတာ မသိရသေးပေမယ့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိသလို နိုဝင်ဘာလ (၁၆) ရက် နေ့မှာတော့ အမျိုးသား ဒီမိုကရေ စီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

OIC (ခေါ်) နိုင်ငံတကာ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း ကိုယ်စားလှယ်အဖွဲ့မှာ အတွင်းရေးမှူးချုပ် Ekmeleddin Ihsauoglu နဲ့အတူ အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ဆော်ဒီအာရေဗျ၊ အီဂျစ်၊ တူရကီ၊ ဘင်္ဂလားဒက်ရှ်၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဂျီဘူတီ (Djibouti) နိုင်ငံ ၇ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီး(၇) ဦး လိုက်ပါလာမှာ ဖြစ်ပါတယ်။ ငါးရက်ကြာမြင့်မယ့် မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ  ရခိုင်ပြည်နယ်ကို လာမယ့် အောက်တိုဘာလ (၁၅) ရက်ဒါမှမဟုတ် (၁၆) ရက်နေ့မှာ သွားဖို့ စီစဉ်ထားပါတယ်။

OIC အတွင်းရေးမှူးချုပ်ကလည်း စက်တင်ဘာလတုန်းက နယူးရောက်မြို့မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းနဲ့ သူတွေ့ဆုံစဉ်မှာ ရိုဟင်ဂျာ အရေးဆိုင်ရာ ပြဌာန်းချက်ကို အကောင်အထည်ဖော်ဖို့ ဆွေးနွေးခဲ့တဲ့ကိစ္စ အတွက် မြန်မာနိုင်ငံကို သွားရောက်တာဖြစ်တယ်လို့ ပြောပါတယ်။ 


လက်တလောအားဖြင့် NLD တွင် အစ္စလမ်ဘာသာဝင် ရှေ့နေ ဦးကိုနီးဦးဆောင်က အခြေခံဥပဒေ ပြင်ဆင်ရေး ကြိုးစားနေပြီး မွတ်ဆလင်အားလုံးက NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံနေကြောင်း သိရပါတယ်။

0 comments:

Post a Comment

 
Twitter Bird Gadget