၂၀၁၅ မှာ သမ္မတဖြစ်ရေး ဒေါ်အောင်ဆန်းစုကြည် ကြိုးစားနေသော်လည်း လက်ရှိသမ္မတ
ဦးသိန်းစိန်သာ သမ္မတဆက်ဖြစ်မည်ဖြစ်ကြောင်း လောင်းကြေးထပ်ရဲတယ်လို့
မြန်မာ့အရေး ကျွမ်းကျင်သူ ဘာတီးလင့် တနာက ဆိုလိုက်ပါတယ်။
“သမ္မတဦးသိန်းစိန်ပဲ ဒုတိယသက်တမ်းကိုတာဝန်ယူမှာပါ"
"လောင်းကြေးထပ်ရဲတယ်”လို့ မြန်မာ့အရေး ကျွမ်းကျင်သူ ဘာတီးလင့်တနာ ကMessengerကို ပြောသွားပါ တယ်။
ဘာပြုလို့လဲဆိုတော့ သမ္မတဦးသိန်းစိန်က တခြားသူတွေလိုသမ္မတအရည်
အသွေးနဲ့ပတ်သက်ပြီး အငြင်း ပွားစရာအကြောင်းမရှိဘူး။ ဦးသိန်းစိန်က
နိုင်ငံတကာမှာတောင်နာမည်ကျော်ပြီး ပေါက်ရောက် ကြီးကျယ် ပြည့်စုံတဲ့
မြန်မာသံတမန်တစ်ဦးပါလို့ သူကဆိုပါတယ်။ သမ္မတဦးသိန်စိန်က ပြည်တွင်းမှာလည်း
ကြီးကျယ် တဲ့ဝေဖန်မှုတွေဖြစ်စေတဲ့ကိစ္စဘာမှလုပ်
ဆောင်ထားခြင်းမရှိပါဘူးလို့ဘာတီးလင့်တနာက ပြောပါတယ်။
ဘာတီးလင့်တနာပြောသလို သမ္မတဦးသိန်းစိန်က နောက်တစ်ဆက် သမ္မတရာထူးကို
ဆက်လက်ထမ်း ဆောင်ဖို့ ပြည်သူတွေအကြားမှာ လိုလားမှုတွေ ရှိနေပေမဲ့ သမ္မတ
ကိုယ်တိုင်ကရော နောက်တစ်ဆက် အတွက် မည်သည့်စကားမျှ
ထုတ်ဖော်ပြောကြားထားခြင်းမရှိသေးပါဘူး။
သမ္မတဦးသိန်းစိန် ကနောက်တစ်ဆက် ရာထူးအတွက် ဘာမှမပြော
သေးသော်လည်း အတိုက်အခံပါတီ ခေါင်းဆောင် နိုဘယ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်ကတော့ ၂၀၁၅ မှာ သမ္မတဖြစ်ချင်ကြောင်း ထုတ်ဖော်
ပြောဆိုခဲ့ပြီးဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း
သမ္မတဖြစ်ချင်ကြောင်း အတိအလင်း ပြောဆိုခဲ့သလို သမ္မတဖြစ်ရေးအဓိက အတားအဆီး
ဖြစ်နေတဲ့ အခြေခံဥပဒေပါ ၅၉(စ) ကိုလည်း ပြင်ဆင် နိုင်ဖို့ ပြည်သူများကြား
အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်လို့ ဆန္ဒခံယူပွဲများကျင်းပခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်လို ၂၀၁၅ မှာ သမ္မတဖြစ်ချင်တယ်လို့ ၀န်ခံထားတဲ့
အခြားသူများလည်း ရှိနေခဲ့ပေမဲ့ လည်းမြန်မာ့အရေး ကျွမ်းကျင်သူ ဘာတီးလင့်တနာက
ဒုတိယသက်တမ်းအတွက် လက်ရှိသမ္မတ ဦးသိန်းစိန် ကသာ ဆက်လက်တာဝန်ယူမှာ
ဖြစ်တယ်လို့ ခန့်မှန်း ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။






0 comments:
Post a Comment