Friday, December 27, 2013

ထိုင်းမှ အစိုးရဆန့်ကျင်ပွဲတွင် သေဆုံးမှရှိလာ

 
ထိုင်းနိုင်ငံက အစိုးရကန့်ကွက်သူများနှင့် လုံခြုံရေးတပ်ဖွဲ့များ အကြားဖြစ်ပွားနေသည့် ဆန္ဒပြပွဲများကြောင့် ရဲသားတစ်ဦး 
သေဆုံးခဲ့ပြီး ကန့်ကွက်သူ တစ်ရာကျော်မျှ ဒဏ်ရာရရှိနေပြီ ဖြစ်သည်။ လက်တလောတွင် အစိုးရကလည်း ရွေးကောက်ပွဲ ကျင်းပမည့်ရက် ရွှေ့ဆိုင်းလိုက်ရသည်။

ဒီဇင်ဘာ၂၆ရက်က ဖြစ်ပွားသည့် လမ်းမထက်မှ ပဋိပက္ခများကြောင့် ဒဏ်ရာရသူအနည်းဆု့း ၁၁၉ဦးအထိရှိ၏။ ကန့်ကွက်သူများသည် ယခင် တောင်းဆိုချက်များအတိုင်း ရွေးကောက်ပွဲကို ရွေ့ပေးရန်နှင့် လက်ရှိအစိုးရအဖွဲ့ ဆင်းပေး ရန်သာ တောင်းဆိုနေကြသည်။ 

အကြမ်းဖက်မှုအသွင် ပြောင်းခဲ့ရခြင်းမှာ ထိုနေ့က ကန့်ကွက်သူများသည် ထိုင်းမြို့တော် ဘန်ကောက်မှ အားကစား ကွင်းသို့ ၀င်ရောက် အပိုင်စီးထားရန် ကြိုးပမ်းရာမှ ရဲများနှင့်ရုန်းရင်းဆန်ခတ်မှုများ 
ဖြစ်ပွားရခြင်းဖြစ်သည်။ ယင်းအား ကစားကွင်းတွင် ပါလီမန် နေရာေ၇ွးချယ်ပွဲအတွက် နိုင်ငံရေးပါတီပေါင်း 
၃၀ခန့်က မှတ်ပုံတင်ရန် စုဝေးနေခဲ့ကြသော နေရာဖြစ်သည်။ 

အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားချိန်တွင် ကန့်ကွက်သူများဘက်က လောက်လေးခွများ၊ အုတ်ခဲများ၊ 
ကျောက်ခဲများ၊ ပုလင်းခွံများသုံးကာ ရဲများကို တိုက်ခိုက်ခဲ့ရသလို။ လုံခြုံရေးတပ်ဖွဲ့များကလည်း ရာဘာကျည်၊ မျက်ရည်ယိုဗုံးနှင့် မီးသတ်ပိုက်တို့ကို သုံးကာ အင်အားသုံးခဲ့သည်။ အဖိတ်အဆင်
ဖြစ်ခဲ့ရသည့် ရဲသားမှာ ၀မ်းဗိုက်တွင် ဒဏ်ရာရပြီးနောက် ရဲတပ်အဖွဲ့အထွေထွေဆေးရုံသို့ ရဟတ်ယာဉ်ဖြင့် တင်ပို့ခဲသည်။ ဆရာဝန်များက သူ့အသက်ကို ကယ်တင်ရန် တစ်နာရီခွဲ တိတိကျိုးပမ်းကြသော်လည်း နောက်ဆုံးတွင် လက်လွှတ်ခဲ့ရသည်။ 

အားကစားကွင်း အပြင်ဘက်မှ ပဋိပက္ခများကြောင့် ကွင်းအတွင်းမှ 
ရွေးကောက်ပွဲအတွက် ပြင်ဆင်သည့် အစီအစဉ်များကို ထိခိုက်ခြင်းမရှိဟုဆိုသော်ခဲ့သော်လည်း နောက်ဆုံးတွင် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်အများကို ရဟတ်ယာဉ်ဖြင့် ပြန်ထုတ်သွားကြရသည်။

0 comments:

Post a Comment

 
Twitter Bird Gadget