ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရားကိုကျိုက်ထီးရိုးဘုရားသို့ နှစ်စဉ်
လာရောက်ဖူးမြော်လေ့ရှိသည့် ထိုင်းနိုင်ငံသားများက ကျိုက်ထီးရိုး
ဘုရားသို့မသွားမီ တခုပ်တရလာရောက်ဖူးမြော်လေ့ရှိကြပြီးယနေ့အချိန် တွင်
အဆိုပါဘုရားနှစ်ဆူအားပူးတွဲဖူးမြော်အဓိဋ္ဌာန်ပြုခြင်းဖြင့် ထူးခြား သည့်
တိုက်ဆိုင်မှုများရှိသည်ဟု ယုံကြည်လာကြသော ပြည်တွင်း ခရီးသွားများကပါ
ကျိုက်ထီးရိုးဘုရားသို့မရောက်မီ အရင်ဝင်ရောက် ဖူးမြော်လာကြသည်ဟု
ရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ်မှ နှစ်စဉ် လာရောက်ဖူးမြော်သူ
ဦးဝင်းနိုင်ဦးကပြောသည်။
၎င်းက''ဦးအနေနဲ့ကျိုက်ထီးရိုး ဘုရားကို
အဓိဋ္ဌာန်နဲ့ နှစ်စဉ်လာဖူး တာ ၁၅နှစ်ကျော်သွားပြီ။ အရင်က ကျိုက်ပေါလော
မှဲ့ရှင်တော်ဘုရား ကိုတော့ နှစ်စဉ် မဖူးဖြစ်ဘူး။ ဒီလို ပူးတွဲပြီး
အဓိဋ္ဌာန်ပြု ဖူးမြော်ခြင်း အားဖြင့် ထူးခြားတဲ့ တိုက်ဆိုင်မှု တွေ ရှိလာလို့
မိတ်ဆွေတွေကိုပါ တိုက်တွန်းပြီး ဒီဘုရားနှစ်ဆူကို နှစ်စဉ် အဓိဋ္ဌာန်နဲ့
ပူးတွဲဖူးတာ ရှစ်နှစ်ကျော်သွားပြီ။ တစ်ဖွဲ့လုံးလဲ ကျိုက်ပေါလောမှာပဲ
တည်းပြီး ဖူး တာ။ ကျိုက်ထီးရိုး တောင်ပေါ်မှာ က ဘုရားဖူး သိပ်များရင်
တည်းခို ခန်းက မလွယ်ဘူး။ ကျန်းမာရေး ကြောင့် ဘုရားရင်ပြင်မှာလဲ မအိပ်
ရဲတော့ ကျိုက်ပေါလောကို အရင် ဝင်ဖူးပြီးရင် အထုပ်အပိုးတွေထား ခဲ့ပြီး
ကျိုက်ထီးရိုးကို ကျိုက်ထို ကနေ နေ့ချင်းပြန်ဖူးတော့ လူလဲ
သက်သောင့်သက်သာရှိတယ်'' ဟု ဆိုသည်။
ကျိုက်ပေါလော မှဲ့ရှင်တော်
ဘုရားသည် မွန်ပြည်နယ် ကျိုက်ထို မြို့တွင် တည်ရှိပြီး ရုပ်ပွားတော်၏
လက်ယာဘက်နားထင်စွန်းအထက် နားတွင်ပါရှိသော အမည်းစက် (မှဲ့ရှင်တော်)အား
အဓိဋ္ဌာန်ပြု၍ သော်လည်းကောင်း၊ အကြောင်း သင့်လျော် ပါရမီထူး၍သော်လည်း ကောင်း
စူးစိုက်ဖူးမြော်ပါက မှဲ့တော်သည် ခပ်ရေးရေး ရွေ့လျား နေသည်ကို
ဖူးမြင်ရသည်ဟုဆိုကြ သည်။ ထို့ပြင် အဆိုပါမှဲ့ရှင်၏ ထူးခြားချက်
တစ်ခုမှာမှဲ့တော် ပေါ်သို့ ရွှေဆိုင်းများဖြင့် အထပ် ထပ် အုပ်ကပ်ကာ
ရွှေချစေကာမူ များမကြာမီ နဂိုအတိုင်း ပြန်လည် ပေါ်ထွက်လာမြဲဖြစ်သည်ဟု ယင်း
ဘုရားဂေါပက အဖွဲ့မှတာဝန် ရှိသူ တို့ကပြောသည်။
ကျိုက်ပေါလော
မှဲ့ရှင်တော် ဘုရားမှ တည်းခိုခန်းများနှင့် ပတ် သက်ပြီး ဘုရားဂေါပကအဖွဲ့
တာဝန်ရှိသူများက အဆိုပါတည်းခို ခန်းများသည် နှုန်းထားသတ်မှတ်
ထားခြင်းမရှိသည့် အခမဲ့တည်းခို ခန်းများ ဖြစ်ကြကြောင်း၊ တည်းခို သူများက
သက်သောင့်သက်သာ နှင့် အဆင့်မြင့်မြင့် တည်းခိုနိုင် သဖြင့် စေတနာသဒ္ဓါတရား
ထက် သန်စွာ လှူဒါန်းကြသောကြောင့် ထပ်မံ၍ သီးသန့်ခန်းများ၊ စုပေါင်း
နားခိုဆောင်များပါဝင်သည့် အဆင့် မြင့်သုံးထပ်တည်းခိုဆောင်ကြီး
တစ်ခုတည်ဆောက်တော့မည် ဖြစ် ကြောင်း၊ ယင်းတည်းခိုဆောင်ကြီး ပြီးစီးပါကလည်း
အခမဲ့တည်းခို ခွင့်ရရှိကြဦးမည် ဖြစ်ကြောင်းဖြင့် ရှင်းလင်း ပြောကြားကြသည်။
''ကျိုက်ပေါလော
မှဲ့ရှင်ဘုရား မှာ တည်းခိုခန်းတင်မှ မဟုတ်ဘူး။ ဘာမဆို နှုန်းထားသတ်မှတ်ထား
တာ မဟုတ်ဘူး။ အားလုံး အခမဲ့ ချည်းခွင့်ပြုထားတာ။ ဥပမာ-ခရီး တစ်ထောက်
နားချိန် ရေဝင်ချိုးကြ တယ်။ သန့်စင်ခန်း ဝင်ကြတယ်။ ထိုင်းနိုင်ငံသားတွေက
အဆင်ပြေ ပြီး အားလုံး အခမဲ့ချည်းဆိုတာ သိသွားကြလို့ ဘိုထိုင်၊ ရေချိုးခန်း
ပါတဲ့ သန့်စင်ခန်းတွေ ဆောက်ပေး ပါ ဆိုပြီး လှူဒါန်းကြလို့ ခြောက် ခန်း
လုပ်ပေးထားတယ်။ ပြီးတော့ အမျိုးသား၊ အမျိုးသမီး သန့်စင်ခန်း တွေ၊
ရေချိုးခန်းတွေလဲ ရှိတယ်။ အခုနောက်ပိုင်း ခရီးတစ်ထောက် နားပြီး
သန့်စင်ခန်းသုံးသူတွေ၊ တည်းခိုသူတွေများကြ လွန်းလို့
သုံးထပ်တည်းခိုဆောင်ကြီးတစ်ခု အမြန်ဆုံး ဆောက်လုပ်သွားမယ်။
လက်ရှိ
အဆင့်မြင့်သန့်စင်ခန်းတွေ ထပ်ဆောက်ထားတာပြီးသွားပြီ။ ဒါတွေကိုလဲ
သုံးစွဲနေကြပါတယ်'' ဟု ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်လွင် (ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်)က ပြောသည်။
Subscribe to:
Post Comments (Atom)







0 comments:
Post a Comment