Wednesday, December 18, 2013

အလောင်းတော်ကဿပ ဘုရားဖူးရာသီ စတင်ဖွင့်လှစ်

 
စစ်ကိုင်းတိုင်း ဒေသကြီး ကနီမြို့နယ် အလောင်းတော် ကဿပ ဘေးမဲ့တော အနီးရှိ အလောင်းတော်ကဿပ ရဟန္တာမထေရ်ကို သွားရောက်ဖူးမျှော် လိုသူများအတွက် ယခုနှစ် ဘုရားဖူးရာသီအတွက် ဘုရားဖူး လမ်းဖွင့်ပွဲကို ၁၃၇၅ ခုနှစ် နတ်တော်လဆန်း ၁၁ ရက်နေ့ (ဒီဇင်ဘာလ ၁၃ ရက်) နံနက်ပိုင်းက အလောင်းတော်ကဿပ တောင်ပေါ်လမ်းတွင် ဖိုလ်ဝင်တောင် ဆရာတော် ဘဒ္ဒန္တ သုမန ( မဟာသဒ္ဒမဇောတိကဓဇ) ပုပ္ပားကျောင်းတိုက် ပဓာနနာယက ဆရာတော်နှင့် ပုလဲ၊ ကနီ၊ ယင်းမာပင်၊ ဆာလင်းကြီး လေးမြို့နယ်ရှိ မြို့နယ်သံဃာ့နာယက ဆရာတော်ကြီးများမှ ဘုရားဖူးလမ်း အသွားအပြန် ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈယ်၍ အခမ်းအနား ဖွင့်လှစ်ပြီးကြောင်း အလောင်းတော်ကဿပ ဂေါပက အဖွဲ့ထံမှ သိရှိရသည်။
လွန်ခဲ့သော ငါးနှစ် ခြောက်နှစ်မှ စ၍ တပို့တွဲလပြည့် ဆီမီးကိုးထောင် ကပ်လှူပွဲ၊ နှမ်းမနဲကပ်လှူပွဲ ကျင်းပသည့် ရက်များတွင် ရဟန္တာ ကိုယ်တော်မြတ်ကြီးစံပယ်ရာ ဂူတံခါး ပွင့်သည့်ဟု သတင်းများ၊ ဓာတ်ပုံများတွင် ဖတ်ရှု မြင်တွေ့ခဲ့ရပြီး နောက်ပိုင်းနှစ်များတွင် ဘုရားဖူးလာသူများဖြင့် စည်ကားလျက်ရှိကြောင်းနှင့် ဘုရားဖူး ပို့ဆောင် ရေးအဖွဲ့မှလည်း ခရီးစဉ်စတင်ပြီဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

0 comments:

Post a Comment

 
Twitter Bird Gadget