Tuesday, December 3, 2013

ဘန်​ကောက် ​ဆ​န္ဒ​ပြ​ပွဲ​များ ​ဆက်​လက်​ဖြစ်​ပွား​၊ ​မျက်​ရည်​ယို​ဗုံး​များ​ဖြင့် ​ဖြို​ခွင်း

ထိုင်း​နိုင်​ငံ ​ဘန်​ကောက်​မြို့​မှာ ​ဒီ​နေ့​မှာ​လည်း ​အ​စိုး​ရ ​ဆန့်​ကျင်​တဲ့ ​ဆ​န္ဒ​ပြ​သ​မား​တွေ​ကို ​ရဲ​တွေ​က ​မျက်​ရည်​ယို​ဗုံး​တွေ ​သုံး​ပြီး ​လူ​စု​ခွဲ​နေ​ရ​သ​လို ​ဆ​န္ဒ​ပြ​ခေါင်း​ဆောင် ​ဆူ​သက်​က ၀န်​ကြီး​ချုပ် ​ယင်း​လပ်​ကို ၂ ​ရက်​အ​တွင်း ​ရာ​ထူး​က​နေ ​ဆင်း​ပေး​ဖို့ ​ရာ​ဇ​သံ​ပေး​ထား​တယ်​လို့ ​ပြော​ပါ​တယ်။
Anti-government protester throws tear gas canister towards police during clashes near Government House in Bangkok
 ပြီး​ခဲ့​တဲ့ ​ဒီ​ဇင်​ဘာ ၁ ​ရက်​က ​ဆ​န္ဒ​ပြ​သ​မား​တွေ​ကို ​လုံ​ခြုံ​ရေး​တပ်​ဖွဲ့​တွေ​က ​မျက်​ရည်​ယို​ဗုံး​တွေ​နဲ့ ​ရေ​ပိုက်​တွေ​သုံး​ပြီး ​လူ​စု​ခွဲ​ခဲ့​ပေ​မ​ယ့် ​အ​စိုး​ရ ​အိမ်​တော်​အ​နီး​နဲ့ ​ဘန်​ကောက်​မြို့​တော် ​ရဲ​ဌာ​န​အ​နီး​အ​ပါ​အ၀င် ​နေ​ရာ​အ​တော်​များ​များ​မှာ ​ဆ​န္ဒ​ပြ​ပွဲ​တွေ ​ဒီ​နေ့ ​ပြန်​စ​နေ​ပါ​တယ်။

အ​စိုး​ရ​အိမ်​တော်​အ​နီး​မှာ ​ဆ​န္ဒ​ပြ​သ​မား​တွေ​က ​ရဲ​တွေ ​ချ​ထား​တဲ့ ​အ​တား​အ​ဆီး​ကို ​ဖယ်​ရှား​ဖို့ ​ကြိုး​စား​တဲ့​အ​တွက် ​မျက်​ရည်​ယို​ဗုံး​တွေ ​သုံး​ခဲ့​ရ​တယ်​လို့ ​သ​တင်း​တွေ​က ​ဆို​ပါ​တယ်။

ဆ​န္ဒ​ပြ​ပွဲ​တွေ​ကြောင့် ​ကျောင်း​သား​တွေ​ရဲ့ ​လုံ​ခြုံ​ရေး​အ​တွက်​ဆို​ပြီး ​ဘန်​ကောက်​မြို့​ပေါ်​က ​အ​ထင်​က​ရ​တ​က္က​သိုလ်​တွေ​ကို ​ဒီ​နေ့​က​စ ၂ ​ရက် ​ပိတ်​ထား​ပါ​တယ်။

ဘန်​ကောက်​မြို့​က ​လူ​တွေ​ကို​လည်း ​ည ၁၀ ​နာ​ရီ​က​နေ ​မ​နက် ၅ ​နာ​ရီ​အ​ထိ ​အိမ်​အ​ပြင် ​မ​ထွက်​ကြ​ဖို့ ​အ​စိုး​ရ​က ​တိုက်​တွန်း​ထား​ပါ​တယ်။

ဒီ​ဇင်​ဘာ ၁ ​ရက်​နေ့ ​မ​နက်​ပိုင်း​မှာ ​ဆ​န္ဒ​ပြ​ခေါင်း​ဆောင် ​ဆူ​သက်​နဲ့ ၀န်​ကြီး​ချုပ် ​ယင်း​လပ်​တို့ ​ထိုင်း​တပ်​မ​တော်​စစ်​ဦး​စီး​ချုပ်​ရဲ့ ​က​မ​က​ထ​ပြု​မှု​နဲ့ ​ပ​ထ​မ​ဆုံး​အ​ကြိမ် ​တွေ့​ဆုံ​ခဲ့​တဲ့​အ​ခါ​မှာ ​ဆူ​သက်​က ​တိုင်း​ပြည်​အာ​ဏာ​ကို ၂ ​ရက်​အ​တွင်း ​ပြည်​သူ​လူ​ထု​လက်​ထဲ​ကို ​ပြန်​အပ်​ဖို့ ​တောင်း​ဆို​ခဲ့​တယ်​လို့ ​တွေ့​ဆုံ​ပွဲ​အ​ပြီး​မှာ ​ဆူ​သက်​က ​သ​တင်း​ထောက်​တွေ​ကို ​ပြော​ပါ​တယ်။

တွေ့​ဆုံ​ပွဲ​အ​တွင်း ၀န်​ကြီး​ချုပ် ​ယင်း​လပ်​က ​ဘာ​မှ ​ပြော​ဆို​ခဲ့​ခြင်း​မ​ရှိ​ဘူး​လို့​လည်း ​ဆ​န္ဒ​ပြ ​ခေါင်း​ဆောင်​ဆူ​သက်​က ​ဆို​ပါ​တယ်။

ဝန်​ကြီး​ချုပ် ​ယင်း​လပ်​နဲ့ ​အ​ခု​လို ​တွေ့​ဆုံ​ခဲ့​တာ​ဟာ ​ပ​ထ​မ​ဆုံး​နဲ့ ​နောက်​ဆုံး​တွေ့​ဆုံ​မှု ​ဖြစ်​တယ်​လို့ ​ဆူ​သက်​က ​ပြော​ဆို​ခဲ့​ပါ​တယ်။

ထိုင်း​တပ်​မ​တော် ​ကာ​ကွယ်​ရေး​ဦး​စီး​ချုပ် ​ပ​ရာ​ယု​က​တော့ ​ထိုင်း​တပ်​မ​တော်​ဟာ ​ပြည်​သူ​တွေ ​သေ​ကျေ​ပြီး ​ထိ​ခိုက်​အ​နာ​တ​ရ​ရ​တာ​တွေ ​မ​မြင်​ချင်​သ​လို ​စစ်​တပ်​က ​တိုင်း​ပြည်​နဲ့​အ​တူ ​ရပ်​တည်​မယ်​လို့ ​ပြော​ကြား​ခဲ့​ပါ​တယ်။

ဆ​န္ဒ​ပြ​သ​မား​တွေ​ဟာ ​ပြီး​ခဲ့​တဲ့​ရက်​တွေ​က ​အ​စိုး​ရ၀န်​ကြီး​ဌာ​န​တ​ချို့​ကို ၀ိုင်း​ခဲ့​ပြီး ​ဒီ​ဇင်​ဘာ ၁ ​ရက်​နေ့​မှာ ​အ​စိုး​ရ​အိမ်​တော်​နဲ့ ၀န်​ကြီး​ချုပ်​ရုံး​ဘက်​ကို ၀င်​တဲ့​လမ်း​က ​အ​တား​အ​ဆီး​ကို ​ဖယ်​ရှား​တဲ့​အ​ခါ​မှာ ​လုံ​ခြုံ​ရေး​အ​ဖွဲ့​တွေ​က ​မျက်​ရည်​ယို​ဗုံး​တွေ​နဲ့ ​မီး​သတ်​ပိုက်​တွေ​ကို ​သုံး​ပြီး ​လူ​စု​ခွဲ​ခဲ့​ရ​ပါ​တယ်။

တ​ချို့​နေ​ရာ​တွေ​မှာ ​အ​စိုး​ရ​ဆန့်​ကျင်​တဲ့ ​ဆ​န္ဒ​ပြ​သ​မား​တွေ​နဲ့ ​ထောက်​ခံ​သူ​တွေ ​ပ​ဋိ​ပ​က္ခ ​ဖြစ်​ခဲ့​ပြီး ​မ​နေ့​က​အ​ထိ ​အ​နည်း​ဆုံး ၄ ​ဦး ​သေ​ဆုံး​ပြီး ​စု​စု​ပေါင်း​လူ ၄၄ ​ဦး ​ဒဏ်​ရာ​ရ​ခဲ့​တယ်​လို့ ​ဆေး​ရုံ ​မှတ်​တမ်း​တွေ​အ​ရ ​သိ​ရ​ပါ​တယ်။

ထိုင်း​၀န်​ကြီး​ချုပ်​ယင်း​လပ်​က ​ဘန်​ကောက်​က ​ရဲ​ဌာ​န​ချုပ်​မှာ ​အ​ရေး​ပေါ်​အ​စည်း​အဝေး ​ဒီ​နေ့ ​ခေါ်​ယူ​ခဲ့​ပြီး ​နိုင်​ငံ​ခြား​ရေး​၀န်​ကြီး​၊ ​ပို့​ဆောင်​ရေး​၀န်​ကြီး​၊ ​ပ​ညာ​ရေး​ဒုဝန်​ကြီး​နဲ့ ၀န်​ကြီး​ချုပ်​ရုံး​၀န်​ကြီး​တို့ ​တက်​ရောက်​ခဲ့​တယ်​လို့ ​ဘန်​ကောက်​ပို့​စ်​သ​တင်း​က ​ဆို​ပါ​တယ်။

ဆ​န္ဒ​ပြ​ခေါင်း​ဆောင် ​ဆူ​သက်​က​တော့ ​ဒီ​ဇင်​ဘာ ၃ ​ရက်​နေ့ ​နောက်​ဆုံး​ထား​ပြီး​  ​ပြည်​သူ့​တွေ​ရဲ့ ​အာ​ဏာ​သိမ်း​ပွဲ ​အ​ပြီး​သတ် ​အောင်​ပွဲ​ခံ​ရ​မယ်​လို့ ​ကြွေး​ကြော်​ထား​ပါ​တယ်။

0 comments:

Post a Comment

 
Twitter Bird Gadget