Saturday, December 14, 2013

ဒေါ်စု အမျိုးမျိုးလှည့်ပတ် သွေးခွဲနေပြီ



( ဗမာ - မြန်မာ ( ဒေါ်အောင်ဆန်းစုကြည် ) 

"တိုင်းပြည်ရဲ့ အမည်ပြောင်းတာဟာ တိုင်းပြည်ကို ပြောင်းလဲဖို့ လုပ်တာထက် ပိုလွယ်တယ်" လို့ Paul Collierက သူ့စာအုပ်ထဲမှာ ဆိုပါတယ်

သိကြတဲ့ အတိုင်း အရင်စစ်တပ်အုပ်ချုပ်စဉ်က Burma ကို Myanmar လို့ အမည်ပြောင်းခဲ့တယ်။ ၁၉၉၁ - ၉၂ အတွင်း တရက်မှာ တိုင်းပြည်အမည်ကို ပြောင်းဖို့ သူတို့ ချက်ချင်း ဆုံးဖြတ်လိုက်ကြတယ် 

ကျမအနေနဲ့ Burma ဆိုတဲ့ အမည်ကို ဆက်လက်ကိုင်စွဲနေတဲ့ အကြောင်းတရားကတော့ ...

တိုင်းပြည် (အမည်)ကို ပြည်သူလူထု ဆန္ဒသဘောထားမပါပဲ ပြောင်းခဲ့တာ..
အဲဒါလုပ်ဖို့ ပြည်သူလူထု မပါခဲ့ရတာ..
ပြီးတော့ အမည်ပြောင်းမှုမှာ မရိုးသားမှု တစုံတရာ ပကတိကျကျ ပါရှိနေတာ . 

. . တွေကြောင့် ဖြစ်ပါတယ်

မြန်မာသည် တိုင်းရင်းသားလူမျိုးစု အားလုံးကို ရည်ညွန်းတယ် ဆိုတဲ့ ကောက်ချက်ဟာ မမှန်ပါဘူး
မြန်မာဆိုတာ ဗမာလူမျိုးစုကို ရည်ရွယ်တဲ့ စာပေသုံးဝေါဟာရပုံစံ တခုသာ ဖြစ်တယ်

ကျမတို့အနေနဲ့ ပြ ဿ နာ ကို ခွဲခြမ်းသုံးသပ် ဖြေရှင်းတော့မယ်ဆိုရင် ဖြောင့်ဖြောင့်မတ်မတ် ရင်ဆိုင်ရမယ်။ ဒါကို ကျမ ရှင်းရှင်းလင်းလင်း လုပ်ချင်တာပါ

ဒီအပေါ်မှာ အမည်ကွဲတခု ပေါင်းထဲ့လိုက်ရုံမျှနဲ့  ဒါတွေ (တိုင်းရင်းသား ပြဿနာတွေ) ကို ရှောင်ဖယ်လို့ မရပါဘူး  )





"တိုင်းပြည်ရဲ့ အမည်ပြောင်းတာဟာ တိုင်းပြည်ကို ပြောင်းလဲဖို့ လုပ်တာထက် ပိုလွယ်တယ်" လို့ Paul Collierက သူ့စာအုပ်ထဲမှာ ဆိုပါတယ်


Aristotle ကဘာပြောပါတယ်....
Plato  ကဘာပြောပါတယ်.... 
Socrates ကဘာပြောပါတယ်.... 
မစ္စတာ နမ်ဗီးယား ကညာပြောပါတယ်...
ဒ်ါစုကရော အဓိကဘာပြောချင်တာလဲ...
သမ္မတဖြစ်ဖို့အတွက် အစိုးရနဲ့ တိုင်းရင်းသားပြည်သူတွေကို လိုက်ပြီးသွေးခွဲနေမှာလား...

0 comments:

Post a Comment

 
Twitter Bird Gadget