Wednesday, December 18, 2013

အင်တာနက်ပေါ်မှ ဝေဖန်မှုများကို အလေးထားမည် မဟုတ်ဟု ကေတီပယ်ရီဆို

Unconditionalllyစတား အဆိုတော်က သူမအကြောင်း အလွန်အကျွံ ရေးသားမှုများအကြောင်း ဖတ်လေ့ မရှိသလို အင်တာနက်ပေါ်တွင် မိမိအမည်ကို ပြန်လည်ရှာဖွေကာ သတင်းများ ဖတ်ရှုခြင်းကိုပင် ရှောင်ရှားလေ့ရှိကြောင်း ဖွင့်ဟခဲ့ အင်တာနက်ပေါ်မှ ဝေဖန်စကားများကို မိမိအနေဖြင့် အလေးထား နားထောင်နေမည် မဟုတ်ဟု ကေတီပယ်ရီက ပြောကြားခဲ့သည်။ သူမက အင်တာနက်ပေါ်တွင် ပြောဆိုနေမှုများကြောင့် မိမိ၏ ကိုယ်ပိုင်ယုံကြည်ချက်ကို တိုးပွားမြင့်တက်လာစေနိုင်မည့် အကြောင်းမရှိဟု ဆိုသည်။ Unconditionalllyစတား အဆိုတော်က သူမအကြောင်း အလွန်အကျွံ ရေးသားမှုများအကြောင်း ဖတ်လေ့ မရှိသလို အင်တာနက်ပေါ်တွင် မိမိအမည်ကို ပြန်လည်ရှာဖွေကာ သတင်းများ ဖတ်ရှုခြင်းကိုပင် ရှောင်ရှားလေ့ရှိကြောင်း ဖွင့်ဟခဲ့သည်။ BBCနှင့် အင်တာဗျူးတွင် ကေတီက သူမအနေဖြင့် အင်တာနက်မှ ဝေဖန်မှုများအပေါ် အသေးအဖွဲမျှသာ သဘောထားကြောင်း ပြောဆိုသွားသည်။

ကေတီက "တကယ်ပါ။ ကျွန်မ ဒါတွေကို သေးသေးမွှားမွှား သက်ရောက်မှုလေးတွေ အဖြစ်ပဲ ရှုမြင်ခဲ့ပါတယ်။ ဒီထဲမှာ အဆိုးမြင် စကားတွေလည်း ပါချင်ပါနေမယ်။ ကျွန်မပြောတဲ့ စကားက အကောင်းဆုံး အဖြေတော့ ဟုတ်ချင်မှ ဟုတ်လိမ့်မယ်။ ဒါပေမဲ့ အင်တာနက်ဆိုတာ ကိုယ့်ရဲ့ ကိုယ်ပိုင်ယုံကြည်မှုကို အမြင့်ဆုံးထိ မြှင့်တင်နိုင်ဖို့ အသုံးအဝင်ဆုံး အရာတစ်ခုတော့ မဟုတ်ဘူး"ဟု မှတ်ချက်ပြုခဲ့သည်။ သူမက "အင်တာနက်မှာ မှန်ကန်သင့်မြတ်အောင် တည်းဖြတ်ထားတာတွေ မရှိဘူး။ ဘုရားသခင်ရဲ့ အဆုံးအမ မရှိဘူး။ တာဝန်ယူမှု မရှိဘူး။ ဒီတော့ အင်တာနက်က စကားတွေကို ဘယ်လိုမှ အတည်ယူလို့ မရပါဘူး"ဟုလည်း ထောက်ပြသွားခဲ့သည်။

0 comments:

Post a Comment

 
Twitter Bird Gadget