Miss Tourism ဆုနဲ့ ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ မော်ဒယ် ခင်ရူပကို သူမရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတစ်ချို့ ကိုမေးမြန်းဖြစ်တဲ့အခါ ‘ခင်ရူပရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုကတေ
ာ့ စိမ်းဝါနီ ကမ္ဗာထိန်းမည် ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကို ရိုက်နေပါတယ်။ ဒီရုပ်သံဇာတ်လမ်းတွဲမှာခင်ရူပ ပါဝင် သရုပ် ဆောင်ရတဲ့
ကာရိုက်တာပုံစံမျိုးက ပရိသတ်လက်ခံနိုင်မဲ့ ဇာတ်ရုပ်မျိုးမဟုတ်ဘူး။
ကာရိုက်တာအရ ပီပြင်အောင် သရုပ်ဆောင်ပြီး ခင်ရူပရဲ့ မျက်နှာကိုတော့
ပရိသတ်တွေ
မုန်းစရာမဖြစ်အောင်တော့
ကြိုးစားပြီး အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ ပြီးတော့ ကိုယ်ပိုင်
သံစဉ်သီချင်းတွေ စုစည်းနေပြီးတော့လည်း တစ်ကိုယ်တော် တေးစီးရီးအခွေ
ထုတ်သွားဖို့ စီစဉ်ထားပါတယ်။ ခင်ရူပကို စင်ကာပူနိုင်ငံက
လူငယ်ဓာတ်ပုံအဖွဲ့တစ်ဖွဲ့ရဲ့ကမ်းလှမ်းချက်နဲ့
စင်ကာပူနိုင်ငံမှာ အလှဓာတ်ပုံတွေ ရိုက်ကူးသွားဖို့ ရှိပါတယ်။ အဲ့ဒါကြောင့်
စင်ကာပူနိုင်ငံမှာပဲ အလှဓာတ်ပုံတွေရိုက်ကူးရင်း နယူးရီးယားနေ့ကို
ဖြတ်သန်းသွားဖြစ်လိမ့်မယ်’လို့ သူမက ပြောပါတယ်။
0 comments:
Post a Comment